Sunday, 21 June 2015

ခွင့်လွှတ်ခြင်းတရား

ခွင့်လွှတ်ခြင်းတရားဆိုတာ သူတစ်ဖက်သားကို
နားလည်လိုက်ခြင်းဖြစ်တယ် ကိုယ့်အပေါ်မှားယွင်းခဲ့သော
အသေးအမွှား ကိစ္စ အပစ်မှ နားလည်ပေး
လိုက်ရခြင်းတစ်မျိုးဖြစ်တယ်။
ဘာသာရေး ရှူ့ထောင့်ကနေ ကြည့်မယ်
ဆိုရင် ခန္တီစ သည်းခံ ခွင့်လွှတ်ခြင်းဟာ
မင်္ဂလာ တစ်ပါးဖြစ်တယ်။
ထိုအရာဟာ လူသားအချင်းချင်း ဆက်နွယ် သွယ်ငြိ့
နေခြင်းကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။

တရားထိုင်ကြည့်ဘူးလား။

ထိုင်ကြည့်ဘူးသူဆိုသိလိမ့်မယ်။

ကျွန်တော်တို့ တရားထိုင်သည့်အခါ
ဖဿ ဆိုတဲ့အရာကြောင့် ဝေသနာဆိုတာ ဖြစ်ပေါ်လာရပီး
ထိုမှတဆင့် ထိုခံစားမှုဝေသနာကို
တတ်မက်မှုကင်းစွာ ရှု့မြင်သုံးသပ်ပီး
နားလည် သည်းခံလိုက်ရခြင်းကို
ခွင့်လွှတ်ခြင်းတရားဟု ဆိုတာပါပဲ။
၎င်းဟာ မိမိနှင့် နှိုင်းယှဉ်၍ တန်တူး
ကိုယ်ချင်းစာခြင်းကလည်း ခွင့်လွှတ်ခြင်း
တရားကို သိမ်မွေ့နူးညံ့စွာ ဖြစ်ပေါ်လာတတ်တယ်။

ဘာသာရေး အတွေးနဲ့ တွေးကြမယ်ဆိုရင်
ခွင့်လွှတ်ခြင်းတရားဆိုတာ အများအပေါ်
မေတ္တာထားလိုက်ခြင်း တစ်မျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ လူမှု့ကွန်ရက်ကကြည့်ကြမယ်ဆိုရင်
ခွင့်လွှတ်ခြင်းတရားဆိုတာ အတိုင်းအတာထိပဲ ကောင်းပါတယ်
ဒါကို လူတိုင်းလိုလိုပဲ ပြောနေကြပါတယ်။
အများဆုံး ကိုယ့်ခွင့်လွှတ်နိုင်တဲ့ အတိုင်းအတာထိ ခွင့်လွှတ်ပေးလိုက်ပါ
ဒါဟာ အကောင်းဆုံး သည်းခံခြင်းတရားဖြစ်တယ်။

သိုသော် ခွင့်လွှတ်နိုင်တဲ့ အကြောင်းတရားရှိမှာသာ
ခွင့်လွှတ်လိုက်ပါ။ ဒါဟာ ကလန်ကဆန်လုပ်ခြင်း
ပြောစကားနားမထောင်းခြင်း နားမထောင်ပြန်ပြော
ဆရာကြီးတစ်ပိုင်း လုပ်နေခြင်းမဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ကာ
လောကကြီးမှာ တစ်ချို့ကိစ္စတွေနှင့်
ပတ်သတ်ပီး အလွန်အကျွန် ခွင့်လွှတ်
သည်ခံနေရင် ကိုယ့်ကို အနိုင်ယူ
ဖိနိပ့်ချုပ်ချယ် တတ်ကြပြန်တယ်။
ဒါဟာ ကျွန်တော်တို့ ဘဝတွေကို ပိုလို့
ဆိုးသွားစေနိုင်ပါတယ်။

တခါတလေမှာ လောကကြီးက ခွင့်လွှတ်ခြင်း
တရားတွေနှင့် လုံးဝ မထိုက်တန်ပါလို့ပါ။

တသံသရာလုံး ခွင့်လွှတ်နိုင်မယ်
ဆိုရင်တော့ အကောင်းဆုံးပေါ့။
ကျွန်တော်ပြောခဲ့သလို ဘာသာရေး
အတွေးလေးနဲ့ ဆိုရင်ပေါ့ဗျာ။ :)

ကောင်းပြီး -----
ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်
ဘာတွေကို သည်းခံ ခွင့်လွှတ် စွန့်လွှတ်
အနစ်နာခံခဲ့သလဲ။ ဘယ်အရာတွေကို
ပါရမီ ဖြည့်ဆည်းခဲ့သလဲ။ ပြန်မေး ပြန်ကြည့် ကြမယ်ရင်
လူကြီးမင်းတို့ သိကြတဲ့အတိုင်း သာဓက ဖြစ်စဉ်
သမိုင်းတွေအများကြီးရှိမှာပေါ့။
ဘဝအဆက်ဆက် ဗုဒ္ဓဘုရားဟာ
အရာအားလုံးထက် သူ့စိတ်ကို
တတ်မတ်ကင်းကင်းဖြင့် ခွင့်လွှတ်ခြင်းနှင့်
ပြုပြင် မွန်းမံစမ်းစစ်ခဲ့ခြင်းကြောင့်သာ
အလုံစုံကို သိမြင်တော်မူခဲ့ခြင်းဖြစ်တယ်။

ကျွန်တော်တို့အားလုံး ဘုရားရှင်
ကဲ့သို့ ကျင့်ကြံနိုင်ပီးလား ပါရမီရော
ဖြည့်ဆည်းနိုင်ကြပီလား မေးချင်စရာပေါ့ဗျ။ :)
မည်သူမှ ကျင့်ကြံအားထုတ်နိုင်လိမ့်မည်မဟုတ်
ဘုရားရှင်တစ်ယောက်သာလျှင် စွမ်းဆောင်နိုင်လိမ့်မယ်။
အကြောင်းမှာ ကျွန်တော်တို့ရပ်တည်နေတဲ့
မငြိမ်းချမ်းသေးတဲ့ လောကကြီးဟာ
ခွင့်လွှတ့်ခြင်းတရားနှင့် မထိုက်တန်သေးလို့ ဖြစ်တယ်။
တရာခံကတော့ မည်သူမှမဟုတ်ပါဘူး
ကျွန်တော်တို့လူသားတွေပါပဲ။
ကျွန်တော်တို့ လူသားတွေသာလျှင်
ကမ္ဘာလောကကြီးကို ငြိမ်းချမ်း ပြောင်းလဲ ပြစ်နိုင်သလို
ပျက်သုဉ်း ကွယ်ပျောက်သွားစေနိုင်သူတွေဖြစ်ပါတယ်။

အကြောင်းရင်မှာ ဖြစ်တည်နေသော
အကြောင်းအရာတွေနောက် လိုက်ရင်း
ခွင့်လွှတ်ခြင်းတရား၊
နားလည်မှုစွမ်းပကား၊
တန်းတူညီမျှမရှိခြင်းတို့ ကြောင့်သာ ဖြစ်တယ်။

ဒါကြောင့် ကျွန်တော်တို့ ပြောင်းလဲဖြစ်တည်နေသော
မှန်ကန် သည်းခံ စာနာ မျှတမှုကြားမှာ
အထိုက်အလျှောက် ခွင့်လွှတ်လိုက်ခြင်းက
ကျွန်တော်အတွက် အကောင်းဆုံး
နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အတတ်နိုင်ဆုံးတော့ ခွင့်လွှတ်လိုက်ပါ။

ခွင့်လွှတ်ခြင်းဖြစ် ငြိမ်းချမ်းသော
ကမ္ဘာကြီး တည်ဆောက်နိုင်ပါစေ --

သူ့အမြင် ကိုယ့်အမြင် တူညီစွာ ရေသား
ထားသောကြောင့် သဘောထား ကွဲလွဲနိုင်ပါသည်။

ကမ္ဘာကြီးကို ချစ်သော ကျွန်တော်

@KSL



No comments:

Post a Comment