Saturday, 20 June 2015

ကျေးဇူးကြီးပေ တို့ဖေဖေ

မနက်ဖန် JUN-21
အဖေများနေ့ ဆိုတော့ အဖေများကို
စကားလေးတွေနဲ့
ကတော့ကြရအောင်
===========
အဖေဆိုတာ
ကျွန်တော်တို့အတွက်
လူသားမြောက်လာသည့်
တိုင်အောင် လောကဓံတရားကို
ကြံ့ကြံ့ခံ ဘဝတိုက်ပွဲဝင်ခဲ့တဲ့
သူရဲကောင်းဖခင်ကြီးပါ ---

အမေက
ကျွန်တော်တို့အပေါ်ကို
မေတ္တာရှိသလိုပဲ
အဖေကလည်း
အမေနှင့်ထပ်တူ
တူညီစွာ
ဖြစ်တည်နေလျှက်ပါပဲ ---

အဖေက
ကျွန်တော်တို့အတွက်တင်
မကပါဘူး သူချစ်သော အမေအတွက်ပါ
အလုပ်ကိုကြိုးစား ရသမျှပိုက်ဆံ
အမေ့အပ် မိသားစု
ထမင်းဝိုင်းကို နောက်ဆုံးမှ ဝင်လာသူတစ်ယောက်ပါ --
အဲဒီအချိန်မှာ
ကျွန်တော်တို့ မစားမီ
ထမင်းဟင်း ဦးချခဲ့ရတာလဲ
အခါခါပါ ---
သားသ္မီးများ ဝအောင်စားရဖို့ရေး
ထမင်းဟင်း မကျန်တော့လဲ
ငပိကိုအသာဖုတ် ဆီးဆန်း
ဆားဖြူး ပိတိဖြင့်
အားဖြစ်ခဲ့ရသူပါ ---
တုနှိုင်းမမီ ဂရုဏာရှင်
တို့ ဖေဖေပါ ---

မအားတဲ့ကြား
အလုပ်ကတစ်ဖက်နှင့်
အိမ်မှုကိစ္စ တွေကို
သေသပ်တိကျစွာလုပ်
အန္တရာယ်ကြုံလာတိုင်း
အိမ်သား အာလုံးရှေမှာ မားမားမတ်မတ်ရပ်
ပြဿနာပေါင်း
များစွာကို တန်တူညီမျှ
ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ ကျွန်တော်တို့ရဲ့ ချစ်သော
သမ္မတကြီးဆိုလဲ
မမှားပါဘူး ----

အိမ်သားအားလုံးအတွက်
လုံလောက်တဲ့ ပိုက်ဆံကိုရှာ
မိသားစုအားမငယ်ဖို့အရေး သူ့မှာရှိသော အားအင်းတွေနဲ့
အားသွင်ခွန်စိုက် ကြိုးစားခြင်းဖြင့်
ပင်ပန်းလို့ကျလာသော ချွေးစက်တွေက အခုကျွန်တော်တို့ရဲ့
နှလုံးသားထဲမှာစီးဝင်
လှုပ်ရှားနေတဲ့
သွေးစက်တွေပါလို့ ပြောမယ်ဆိုရင်ရပါတယ်
ဖေဖေ ----

ကျွန်တော်တို့
လူတစ်လုံးသူတစ်လုံး
ဖြစ်လာတော့လဲ သားသ္မီးတွေ ပညာတတ်ဖို့အရေး ဇွဲလုံးလကို
လက်မှာကိုင် ဘဝခရီးလမ်းကြမ်း
တွေထဲ နေပူမရှောင် မိုးရွာမရှောင်
အမြဲတမ်း လှုပ်ရှာသွားလာ
သန်မာထွားကြိုင်းကျန်းမာသူ
လို့ပြောမယ်ဆိုရင်လဲရပါတယ်
ဖေဖေ ----

ဟိုတစ်ချိန်အခါက
မသိကျိုးကျွန်
ိမိုက်မဲခဲ့သော အရာတွေကို
ဆုံးမခဲ့သော တို့ ဖေဖေ
မကောင်းမှုမသင်
ကောင်းမှုသာညွှန်
ဘဝ မီးမောင်း အလင်းပေးသော
တို့ ဖေဖေ
မေတ္တာရေဖြန်း သစ္စာပန်းနှင့်
မိသားစု အပြုံးလန်းဖြာစေသော
တို့ ဖေဖေ
လောကကြီးကို အန်တု
မာန်စွယ်ကိုပွား
အရှုံးမပေးပဲ ရှေ့ဆောင်ခဲ့သော
တို့ ဖေဖေ
အားအင်းကိုသုံး မလျှော့ဇွဲဖြင့်
သက်ဆုံးတိုင်အောင်
ပဲ့ကိုင် လှော်ခတ်
လမ်းကြောင်းပေးခဲ့သော တို့ ဖေဖေ

ရိုသေ လေးစား
ဂုဏ်ယူရပါသော တို့ဖေဖေ
ကြည်ညိုရပါသော တို့ဖေဖေ
ကျန်းမာပါစေ
တို့ဖေဖေ
သက်တော်ရှည်ပါစေ
တို့ဖေဖေ

ဘဝတစ်လျှောက်လုံးမှာ
အမှားများရှိခဲ့သော်
ကျွန်တော် ဒီနေရာကနေ ဝန်ချ
တောင်းပန် ကန်တော့အပ်ပါတယ်
ဖေဖေ ----

ချမ်သာပျော်ရွှင်
သက်တော်ရာကျော်
ရှည်ပါစေ ဖေဖေ ----

@KSL

No comments:

Post a Comment