Tuesday, 21 July 2015

အစွန်းမရောက်ပါနှင့်

ကျွန်တော်ကတော့ လူသား အချင်း ချစ်ခင်ရင်းနှီးမှုနှင့်
ငြိမ်းချမ်းခြင်းကို လိုလားပါတယ် ဘာဖြစ်လို့လဲဆိုတော့
ငြိမ်းချမ်းခြင်က ကောင်းမွန်းတဲ့ ကမ္ဘာ့အတိုင်း
အဝိုင်းကြီး တစ်ခုတည်ဆောက်နိုင်တယ်လို
ယုံကြည်ထားလို့ ဒါဟာလဲ တစ်ဦးတစ်ယောက်တည်နဲ့
လုပ်ဆောင်လို့မရပါဘူး အများကပါဝင် ဖြည့်ဆည်း
တည်ဆောက်ကြရမယ် ဝေဟင်ကြီးတစ်ခု ဖြစ်ပါတယ်။
ထိုကြောင့် ကျွန်တော်ပြောကြည့်မယ်ဗျာ
ဘာလဲဆိုတော့ခါ ---
မိမိ(သို့) ကိုယ်ခံယူထားတဲ့ အယူအဆ အတွေးအခေါ်
ဝါဒ သို့မဟုတ် လူမှုရေး နိုင်ငံရေး  စီပွားရေး စသည့်တို့ အပ်ါမှာ
သိပ့်ပြီး အစွဲအလန်း မကြီးပါနဲ့
တစ်နည်းအားဖြင့် အစွန်းမရောက်ပါနဲ့။
ထိုအရာတွေပေါ်မှာ ထိုကဲ့သို့ အစွန်းရောက်လွန်းသွားလျင်
ထိုသူဟာ အတ္တကြီးသွားတတ်ပါတယ် ထိုအခါ
ဒေါသတွေနှင့်အတူ လူကို လူလို့မမြင်တော့ဘူး
စာနာစိတ် မရှိတဲ့အပြင် နားလည်မှုကင်းမဲ့ပြီး
သဖက်သတ်ဆန် ထစွတ်ထိုးလုပ် ကိုယ်ထင်ရာ
စိုင်းတတ်ပါတယ် ထိုအခါ ဘာဖြစ်လာသလဲဆိုတော့
လူသား အချင်းချင်း နင်းခြေ သတ်ဖြတ်တတ်ကြပါတယ်
ဒါဟာ ကမ္ဘာမှာ သိပ်စိုးရွားတဲ့ အန္တရာယ်ကြီး တစ်ခုပါပဲ။

မည်သို့ပင်ဖြစ်စေကာမှုပေါ့
လူတိုင်းမှာ ကိုယ့် ခံယူချက် အယူအဆ ဝါဒ အတွေးအခေါ်
ဆိုတာ ရှိကြစမြဲပါ သိုပေသိ အစွန်းမရောက်ပါနဲ့
ထိုအရာကို ယုံကြည်ပါ လုပ်ဆောင်ပါ

အစွန်းရောက်တာနဲ့ နှင့် ယုံကြည်တယ်ဆိုတာ
တကယ်တော့ မတူညီပါဘူး
ယုံကြည်တယ်ဆိုတာ အများသူငှာကို ဒုက္ခ
မပေးပဲ ကိုယ်ခံယူထားတဲ့ အချက်တွေကို
ဖြစ်မြောက်အောင် အများနှင့်လျော်ညီစွာ တည်ဆောက်
လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်

အစွန်းရောက်တယ်ဆိုတာကတော့
အတ္တကြီးသွားခြင်း တစ်မျိုးပါပဲ
ထိုသူဟာ ကိုယ်ဖက်ပဲကြည့်တတ်ပြီး
သူထင်ရာသူလုပ် အများသူငှာကို
ရန်မူ ဒေါသဖြစ် လောဘတရားကို
လက်ကိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်
ထိုအကြောင်းအရာတွေဟာ အမှန်တော့
ကမ္ဘာကြီးပျက်စီးနိုင်တဲ့ အကြောင်းတရားတွေပါပဲ
သိပ့်ကြောက်ဖို့ကောင်းပါတယ် --

ကဲ ဒါပဲဗျာ အများကြီးတော့ မရေးတော့ဘူးဗျာ
ဒီလောက်ဆိုရင် အကြောင်းအရင်းကို စဉ်းစား
မိလောက်ပါပြီ --

ဒါကြောင့် ကိုယ်ယုံကြည်ထားတဲ့ တစ်ချို့
အရာတွေပေါ်မှာ အစွန်းမရောက်ပါနဲ့
ထိုအရာတွေကို ယုံကြည်ပါ
ယုံကြည်ပြီးတော့ ကောင်းမွန်စွာ လျှောက်လှမ်းပါ
လက်တွဲခေါ်ဆောင်ပါ သူဖက်ကိုယ့်ဖက် အပြန်အလှန်
နားလည်ပေးပါ ဖေးမကူညီပါ ညှိုနှိုင်းပါ
မျှဝေပါ တင်ပြပါ ဒုက္ခမရှာပါနဲ့ ပြဿနာမရှာပါနဲ့
ရန်မမူပါနဲ့ အများတန်းတူ ငြိမ်းချမ်းခြင်းကို
တူးဆွကြပါ အတ္တမဆန်ပါနဲ့ တူညီစွာလက်တွဲ
အကောင်အထည်ဖော် တည်ဆောက်ပါ ---

ကျေးဇူးဆင်ပါတယ်
==========
ပျော်ရွှင်ပါစေ တို့လူသား
ငြိမ်းချမ်းပါစေ ကမ္ဘာာမြေ


No comments:

Post a Comment