Monday, 28 December 2015

ခေါင်းဆောင်မှု သဘောတရားများ

                                  

၁။ လင်းယုန်ငှက် သဘောတရား
၂။ပုရွက်ဆိတ် သဘောတရား
၃။ ခြင်္သေ့ သဘောတရား
၎။ လိပ် သဘောတရား
၅။ အိုးထိန်းသည် သဘောတရား
၆။ လယ်သမား သဘောတရား
၇။ သိုးထိန်း သဘောတရား

၁။ လင်းယုန်ငှက် သဘောတရား
လင်းယုန်ငှက် တစ်ကောင်ဟာ မျက်စိအားကောင်းသလောက် သူကြည့်လိုက်တဲ့ အရာတိုင်းကို အပိတ်အဆို့ အဟန့်အတား ဝေဝါးခြင်းမရှိ ပကတိ ပြတ်ပြတ်သားသားကြည့်မြင်နိုင်တယ်။
ကောင်းကင်ပေါ်မှာ ပျံဝဲပီး အထက်ကနေစီး ကြည့်တဲ့ လင်းယုန်ငှက် အဖို့ မြင်ကွင်းက ကြီးမားကျယ်ပြန့်ပေမယ့် ထူးခြားတဲ့ ပစ်မှတ် (သို့) အစာကို ရှာနိုင်စွမ်း ရှိတယ်။
ခေါင်းဆောင်ဟာလည်း လင်းယုန်ငှက်လိုပဲ မိမိအတွက်၊ မိမိနောက်လိုက်တွေအတွက် မြော်မြင်နိုင်တဲ့ စွမ်းရည် ရှိရမယ်။ မျှော်မှန်းချက်ပန်းတိုင် ချမှတ်နိုင်ရမယ်။  မျှော်မှန်းချက် အတိုင်းလည်း လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရမယ်။
၂။ပုရွက်ဆိတ် သဘောတရား
သကြားပုံ တပုံဆီကို သွားနေတဲ့ ပုရွက်ဆိတ်အတန်းလိုက်ကြီးကို မြင်ဖူးပါသလား။ ဒီပုရွက်ဆိတ် တန်းကြီးမှာ ဆက်သွယ်ရေးပုံစံတခု ရှိနေတယ်ဆိုတာကိုကော လက်ခံပါလား။
ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆက်သွယ်ရေး ကျွမ်းကျင်ဖို့ လိုပါတယ်။
အင်အားအကောင်းဆုံး အဖွဲ့အစည်းတခု ရဲ့ တည်ဆောက်ပုံဟာ ရည်မှန်းချက်တစ်ခုကို စုပေါင်းအကောင် အထည်ဖော်ခြင်းပါပဲ။
ပုရွက်ဆိတ်သဘောတရားမှာ ခေါင်းဆောင်နဲ့ ငယ်သားများ ရည်မှန်းချက် တစ်ထပ်တည်းကျအောင် စွမ်းဆောင် စည်းရုန်းနိုင်ခြင်းကို အခြေခံထားတာပါ။

၃။ ခြင်္သေ့ သဘောတရား
ခြင်္သေ့ရဲ့ အထိမ်းအမှတ်သင်္ကေတကတော့ ရဲရင့်မှုပါပဲ။
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဖြစ်ချင်ရင် သတ္တိရှိဖို့လိုတယ်။ အဲဒီသတ္တိတွေကတော့ စွန့်စားလုပ်ဆောင်ရဲတဲ့ သတ္တိ၊ ဦးဆောင်တာဝန်ယူနိုင်တဲ့ သတ္တိ၊ ဆန်းသစ်တီထွင်မှု လုပ်မယ့် သတ္တိတွေပါပဲ။
သတ္တိဆိုတာ ကြောက်ရွံ့မှုကို ခုခံတွန်းလှန်ခြင်းနှင့် ကြောက်ရွံ့မှုကို ကြိုးကိုင်ခြယ်လှယ်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့မှုကို ပပျောက်အောင် ဖျောက်ပေးတာ မဟုတ်ဘူး
မက်တွိန်း
၎။ လိပ် သဘောတရား
ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ပုံပြင်ကို ကြားဖူးကြပါသလား။ ဒီပုံပြင်လေးက ဘာကို ရည်ညွှန်းပြဆိုပါလဲ။
ဇွဲ ပဲပေါ့။ ဇွဲမရှိတဲ့ သူ၊ သက်လုံမကောင်းတဲ့သူ၊ ခံနိုင်ရည်မရှိတဲ့ သူတွေဟာ အောင်မြင်မှု မရနိုင်ပါဘူး။ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရေးမှာ ဇွဲ၊လုံ့လ၊ ဝိရီယကို အရင် စိုက်ဖို့အရေးကြီးပါတယ်။
၅။ အိုးထိန်းသည် သဘောတရား
ဒီသဘောတရားကတော့ တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးဥာဏ်ရှိမှုကို ကိုယ်စားပြုပါတယ်။ တနည်းအားဖြင့် ကြံရည်ဖန်ရည် ရှိရမယ်လို့ ဆိုလိုတာပါ။
၆။ လယ်သမား သဘောတရား
တောင်သူလယ်သမားတယောက်ရဲ့ စိတ်ထဲကို ဝင်ကြည့်ဖူးပါသလား။ သူဘာတွေတွေးနေသလဲ။ သူ့စိတ်ထဲထဲမှာ သူ့စပါးသီးနှံ များအောင်မြင်ရေး၊ အထွက်နှုန်းတိုးရေး၊ ဖြစ်ထွန်းအောင်မြင်ရေးကို သာတွေးနေမှာပါ။ နောက်ပီး သူ့မှာ သူ့သီးနှံတွေ အောင်မြင်ဖို့ ဆိုတဲ့ ယုံကြည်ချက် ခိုင်မာနေတာကို လည်း တွေ့ ရမယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ အတွေးများကို အမြဲ စိုက်ပျိုးနေဖို့လိုပါတယ်။
ခေါင်းဆောင်တွေဟာ ပြဿနာတွေကို ခြုံငုံသုံးသပ်ဖို့၊ အဖြေရှာဖို့ အကြံထုတ်ဖို့ သူတို့ရဲ့ မဟာဦးနှောက်ကို အလုပ်ပေးပြီး ထူးကဲတဲ့ အတွေးတွေကို သန့်စင်ယူကြတာပါပဲ။
၇။ သိုးထိန်း သဘောတရား
သိုးထိန်းသည်ဆိုတာ သိုးတွေကို ဝံပုလွေတွေ၊ တခြားတောရိုင်းတိရစ္ဆာန် တွေ ရဲ့ အန္တရာယ်က နေ ကာကွယ်ပေးရတယ်။ သိုးထိန်းတယောက်ဟာ သူ့သိုးတွေအပေါ်မှာ ယုယကြင်နာပြီး သနားဂရုနာထားတယ်၊ မေတ္တာထားတယ်ဆိုတာ သိသာပါတယ်။ တနည်းအားဖြင့် မေတ္တာတရားပါပဲ။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာ တခုကတော့ တခြားသူတွေအပေါ်မှာ မေတ္တာစေတနာထားပြီး ကိုယ်ချင်းစာစိတ်ထားတာပါပဲ။ တနည်းအားဖြင့် တပါးသူကို စဉ်းစားပေးတာပါ။



No comments:

Post a Comment