==============
ပန်းတိုင်ဆိုတာ
ရှိနေသ၍ အကျွန်ုပ်တို့
လျှောက်ကြရမည်ဖြစ်သည်။
********************
လူတစ်ယောက်ကိုသာ
ရီမောစေနိုင်သော ဟာသသည်
ရသ မမြောက်ပါ။
********************
အချိန်သည် အကျွန်ုပ်တို့၏
အသက်နှင့် ခန္ဓာအား
တရွေ့ရွေ့ တိုက်စားသွားနိုင်သည်။
*********************
ရှေ့အနာဂတ်တစ်ခု အတွက်
ပြီဆုံးခဲ့ပြီးသော အတိတ်သည်
အခြေခံ ထုထည်ကြီး တစ်ခုဖြစ်သည်။
*********************
ဖြည်းညင်းစွာ သွားလာခြင်းသည်
ဆူးငြောင့် ခလုတ်များကို တွေ့ရှိ
ကျော်လွှားစေ နိုင်သည်။
*********************
စိတ်ရှည် သည်းခံခြင်းသည်
သေချာမှုတစ်ခုရဲ့ အားအင်ဖြစ်သည်။
**********************
ယုံကြည်မှု တစ်ခုအတွက်
သံသယတွေ ရွက်လွှင့်နေရခြင်းဖြစ်သည်။
**********************
လူးသားအချင်းချင်းတို့၏ကြား နားလည်မှုနှင့်
ယုံကြည်မှုတို့သည် ငြိမ်းချမ်းခြင်း၏
အခြေခံ သဘောတရားများဖြစ်သည်။
***********************
@K
@K
No comments:
Post a Comment