Saturday, 30 May 2015

အချစ်ဆိုသောအရာ

ကျွန်တော် အချစ်ဆိုတဲ့ အရာကိုအများကြီး
တွေးကြည့်ဘူးတယ်

ကျွန်တော်တို့ တတွေ
ဘာကြောင့် ချစ်နေကြရသလဲ သူတို့တွေကရော
ဘာကြောင့်ချစ်ကြရသလဲ ပေါ့

အချစ်ကို အာဒံနှင့် အင်းဝကပဲ စတယ်လိုပြောပြာ
အချစ်ဆိုတဲ့အရာဟာ
သက်ရှိသတ္တဝါ တွေမှာပဲ
တည်ရှိနေတယ် လို့
ကျွန်တော် ယူဆထားတယ်

သက်မဲ့တွေမှာ မရှိဘူးလားလို့ မေးလာခဲ့မယ် ဆိုရင်တော့
ကျွန်တော် သံလိုက်တုံးတစ်ခုကို
သွားသတိရမိတယ် ---

သံလိုက်တုံးဟာ အဖိုနဲ့ အမ
ကပ်လိုက်တာနဲ့ ချက်ချင်း
ဆွဲငင်းသွားတယ် ဒါအများသိပါ --
သို့ပေသိ
တစ်ခုစဉ်စားမိတယ်
သူတို့ရဲ့ ဆွဲငင်းတွေက
သူတို့ရဲ့ချစ်ခြင်းသဘောတရား
တွေများလားပေါ့ ---

ဒီတစ်ချက်ကိုတော့ သက်ရှိတိုရဲ့ စွမ်းအင်းနှင့် တူညီသလို  
ကျွန်တော် ခံမိစားတယ် ---

သက်ရှိသတ္တဝါတွေမှာကြတော့
တဖန် ကွဲပြားသွားပြန်တယ်
လူနဲ့တိရစ္ဆာန်
စွမ်းအင်ချင်း မတူညီပါဘူး ---

လူတွေရဲ့ ဖြစ်စဉ်တွေကို
တရိစ္ဆာန်တွေ လိုက်မလုပ်နိုင်သလို
တရိစ္ဆာန်တွေရဲ့ ဖြစ်စဉ်ကိုလဲ
လူတွေလိုက်မလုပ်နိုင်ကြပါဘူး ----

တိရစ္ဆာန်တွေမှာ ခံစားမှုနှလုံးသား ပါပြီး အကျိုးအကြောင်း
အမှားအမှန်စဉ်းစားတွေးတော
တတ်တဲ့ စွမ်းအင် ပါမလာပါဘူး --
လူမှာ အကုန်ရှိပါတယ်
ဒါကြောင့်လည်း
နှလုံးသားရေးရာနှင့်ပတ်သတ်ပီး ရွေးချယ်ကန့်သန့်ကြတယ်
အချစ်ကို အမျိုးမျိုးဖွဲ့နွဲ့ပြီး
သီဆို ဖွင့်ဟ သီကုံး ခံစားစံစားနေကြခြင်းဖြစ်တယ် -

တရိစ္ဆာန်တွေဟာ အဲလိုမဟုတ်ပါဘူး
ဖို မ တွေ့ဆုံခြင်းသာလျှင်
သူတို့ ချစ်ခြင်းပါ ---

အချစ်မှာ လူနဲ့တိရစ္ဆာန်
နှိုင်းယှဉ်ကြည့်တဲ့ သဘောမျိုး
သက်သက်ပါ --

===========

ကျွန်တော်တို့
လူသားတွေရဲ့ ချစ်ခြင်းဟာ အင်မတန်ဆန်းကြယ်ပါတယ်
သူဟာ -----
ကျွန်ုပ်တို့ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အလွန်နူးညံ့တဲ့
ပူလောင်မှုတစ်ခုပါ ------

သေချာစဉ်းစားလိုက်တော့
ကျွန်တော်တို့ လူသားတွေသည်
အမေရဲ့ဝမ်းထဲ သန္ဓေတည်
ကတည်းက အချစ်နှင့်စခဲ့ကြပြီး အမေရဲ့ သွေးသား ကတဆင့်
အချစ်ကို စတင်စီးဝင်လာပီး
လူသားမြောက်ထိတိုင်အေင်
ရှင်သန်ပါဝင်လှုပ်ရှားနေဆဲ
ဖြစ်ပါတယ် ---

ဘယ်သူမှ ငြင်းဆိုလို့မရပါဘူး --
---------------------
ထိုအခါ
အရမ်း သိမ်မွေ့
နူးညံ့တဲ့ နှလုံးသားဟာ
အချစ်ကို လွယ်လွယ်လေးနဲ့
ခံစားတတ်ကြပါတယ်

အဲလိုခံစားပီးတဲ့ နောက်ပိုင်
နှလုံးသားဟာထုထည် ကြီးမားလာတဲ့အမျှ
ခံစားမှုတိုင်းကို
တန်ပြန် သက်ရောက်မှု
အားနည်းလာပါတော့တယ်
----------
နှလုံးသား အပေါ်ကို
ရင့်ကျတ်တည်ငြိမ်တဲ့ ဦးနှောက်က လွမ်းမိုးထားတဲ့
သဘောမျိုးပါ ---

ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ---

ကဲ - တော်ပီးဗျာ စာလဲ
ရှည်သွားပြီ -----
ကျွန်တော့် အတွေးဟာ
ရာယ်စရာတစ်ခုဖြစ်နေတယ်
ဆိုရင်လဲ ရယ်သာကြလိုက်ဗျာ
-----
:) :) :) ဟီး ဟီး ဟီး

အချစ်ဆိုတာကို နှလုံးသားရှိသူ
တိုင်း ခံစားတတ်ကြပါတယ် --

ဒီလိုမှ မဟုတ်ရင်
သူဟာ သတ္တိကင်းမဲ့ခြင်းကြောင့်
အချစ်ကို ဝေခွဲ၍
မရခြင်းသာ ဖြစ်လိမ့်မယ် --

%%%%%%%%%%
KSL

No comments:

Post a Comment