Saturday, 30 May 2015

မျှော်လင့်ခြင်း

မနက်ဖြန်တိုင်းအတွက်
အခုရောက်ရှိနေတဲ့ စက္ကန့်တွေမှာ
သူဟာ မျှော်လင့်ခြင်းလမင်းဆိုရင်
ကျွန်တော် ထာဝရ ထွေးပွေ့
ထားမယ် ------

လူသားတွေဟာ
မျှော်လင့်ချက်နှင့် အသက်ရှင်
နေတယ်လို့ ပြောကြတယ်

မျှော်လင့်ချက်ဆိုတာ
ကိုယ်ကိုတိုင် ဖော်ဆောင်ရတာရှိသလို သူ့အလိုအလို ဖြစ်တည်
လာတာတွေလဲ ရှိတယ်

သူ့အလိုလိုဆိုတဲ့ နေရာမှာ
ဥပမာပြောရရင်(chance)
အခွင့်အလမ်း ပေါ့

လူသားတွေဘာကို
မျှော်လင့် ကြလဲဆိုတော့ ---

တချို့က အချစ်ကိုမျှော်လင့်ကြတယ်
တချို့ကတော့ ချမ်းသာအောင်မြင် ငြိမ်းချမ်းခြင်းကိုမျှော်လင့်ကြတယ်
အများကြီးပေါ့ဗျာ ---

စောဏက
ကျွန်တော်ပြောသလိုပဲ
ထိုအရာတွေကို မျှောင်လင့်နေတယ်ဆိုရင်

ထိုရာတွေကို ဘယ်လိုရနိုင်မလဲ
ဘယ်လိုပိုင်ဆိုင်ယူရမလဲ
အခြေခံအကျိုးတရားတွေကို

အရင်ဆုံး ဖော်ဆောင်ရမှာပေါ့ အဲလို ဖော်ဆောင်
လုပ်ဆောင်နေကြရင်း ကျွန်တော်ပြောတဲ့ (chance)
ခွင့်အလမ်းတွေကို အမိအရ
ဖမ်းဆုပ်ကိုင်သွယ် အသုံးပြုရမှာ
ဖြစ်ပါတယ် ---

ထိုမှသာလျှင် မျှော်လင့်ချက်
တစ်နည်းအားဖြင့် အိမ်မက်တွေကို အကောင်အထည်ဖော်ဆောင်
နိုင်မှာဖြစ်ပါတယ် ----

ထိုအခါ -----
တချို့မှာ မျှော်လင့်ထားတိုင်းလဲ ဖြစ်မလာနိုင်သလို
ဖြစ်လာတော့လဲ မျှော်လင့်ချက်နှင့်
တခြားဆီ ဖြစ်လာတတ်တယ် ---

ဥပမာပြောရရင် အချစ်မှာပေါ့
အချစ်မှာ မျှော်လင့်နေရသူသာလျှင် အရှုံးကြီးရှုံးတယ် ---
မျှော်လင့်တိုင်းလဲ မရရှိကြပါဘူး --

ကိုယ်မျှော်လင့်နေတဲ့ တစ်ယောက်
လက်ရှိ ကိုယ်နဲ့
တဟဇာသ ဖြစ်နေတဲ့ သူကတစ်ယောက်
ထိုအခါမှာ မျှော်လင့်ချက်နဲ့
လွဲသွားတတ်ကြတယ်---
ဒါဟာ အချစ်ရဲ့ နိယာမသဘောတရား
လျှို့ဝှက်ချက်တွေပါပဲ --
အတော်လေးကို နက်ရှိုင်းပါတယ် ---

ဒီတော့ခါ ---
မျှော်လင့်တာတော့
မျှော်လင့်ကြပေါ့ဗျာ ---
နှလုံးသားမဲ့တဲ့ စက်ရုပ်လို
လူသားတွေကိုတော့ ဝေးဝေး
လေးရှောင်ပေါ့ --- ဟီး :)

ဒီနေရာမှာ တစ်ခုတော့ ပြောချင်တယ် ----

ကျွန်တော်တို့အားလုံးဟာ
တူညီတဲ့ လူသားတွေပါပဲ
ခြားနားနေခြင်းသာဖြစ်ပါတယ်
အမျိုးတွေပေါ့ ---

အဲဒီတော့ ---
အချစ်မှာ ကိုယ်ရဲ့ လုပ်ဆောင်ချက်ဟာ
အဆုံးအစွန်းထိ မခိုင်မာပဲနဲ့
သူများကို လုံးဝမျှော်လင့်ချက်တွေ မပေးမိပါစေနဲ့ မိမိအတွက်လဲ
မကောင်းသလို သူအတွက်လဲ စိတ်ထိခိုက်တတ်ပါတယ် ---
သူကို ပြေပြေလည်လည်
ရိုးရိုးရှင်းရှင်းပဲ ပြောပြသာကမှ
သူ့ကို အကောင်းဆုံး နှစ်သိပ့်လိုက်ခြင်းဖြစ်တယ်

ကဲ --- မျှော်လင့်နေရတဲ့ ဘဝမှ ကင်းဝေးကြပါစေ--

KSL

✔✔✔✔✔✔✔✔

No comments:

Post a Comment