Saturday, 25 April 2015

ပျော်ရွှင်စွာ နေတတ်သူ

===================
ကမ္ဘာပေါ်မှာ လူသား ၇,၃၁၀ ဘီလီယံကျော်ရှိတဲ့အထဲက
သုံးပုံတစ်ပုံဟာပျော်ရွှင်ခြင်းနဲ့ အသက်ရှင်နေကြတယ်လို့
ကျနော် ယုံကြည်တယ်။ ဘာဖြစ်လိုလဲ ဆိုတော့
ပျော်ရွှင်ခြင်းဟာ လူသားဘဝရှင်သန်ခြင်းရဲ့ အနှစ်သာရ တစ်ခုဖြစ်လိုပါပဲ။
ကိုယ်စိတ်ကို ပျော်ရွှင်အောင် ထားတတ်သူကို ပျော်ရွှင်စွာနေတတ်သူလို့
ဆိုရင် မမှားပါဘူး။ တဖန် စိတ်ကိုပျော်ရွှင်စွာ
ထားတတ်သူဟာ ငြိမ်းချမ်းခြင်းတရားတွေကို
ပိုင်ဆိုင်ထားသူပါ ထိုသူရဲ့ သဏ္ဍာန်မှာ
ဒေါသတွေမရှိသလို မောဟလဲကင်းနေတယ်။
ပျော်ရွှင်ခြင်းကြောင့် ပြုံးလာတဲ့အပြုံး
ဟာ မိုနာလီဇာ အပြုံးလို ဆိုနိုင်မလား
မဟုတ်ဘူးနော် မတူဘူး သူ့အပြုံးဟာ
ငြိမ်းချမ်းတဲ့ ရင်ထဲက ထာဝရပြုံး
လူတခါကို အေးချမ်းစေတဲ့အပြုံး လိုဆိုနိုင်လောက်ပါတယ်။
လူသားတွေရဲ့ သဏ္ဍာန်မှာ ပျော်ရွှင်ခြင်းကြောင့် ဖြစ်တည်နေတဲ့
အရာတွေကတော့ -------
၁။ထူးဆန်တဲ့အပြုံးရှိခြင်း
၂။သွက်လက်ဖြတ်လက်ခြင်း
၃။အကောင်းမြင်တတ်ခြင်း
၎။ကိုယ်ချင်းစာတတ်ခြင်း
၅။နုပျိုလန်းဆန်းခြင်း
၆။သနားကြင်နာတတ်ခြင်း
၇။ချစ်တတ်ခြင်းနှင့်
၈။ဒေါသမောဟကင်းမဲ့ခြင်းစသည်တို့ ဖြစ်ပါတယ်။---
ကိုယ့်မိသားစုအတိုင်းအဝိုင်း သူငယ်ချင်းအတိုင်းအဝိုင်းတွေနဲ့
အေးချမ်းစွာ နေထိုင်ခြင်းကလ ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။
ဒီနေရာတစ်ခု စဉ်းစားမိတယ်
ပျော်ရွှင်ခြင်းကိုလူသားတိုင်း မမွေးမြူးနိုင်ကြပါဘူး
တစ်ချို့ ပြောတယ် ပျော်ပျော်နေသေခဲတဲ့
ဟုတ်ပါတယ် စိတ်မှာပူလောင်မှုကင်းမဲ့နေတဲ့အတွက်
နုပျိုလန်းဆန်းနေသလို အသက်ကိုလဲ
ရှည်စေလိုပါတယ်
ဒါ့ပေမယ့် လူသားတိုင်းအမြဲတမ်းကြီး
ပျော်ရွှင်နေကြတယ်လို မထင်ပါနဲ့
လူသားတိုင်းမပျော်ရွှင်နိုင်ပါဘူး
ပျော်ရွှင်စွာနေတတ်သူသာလျှင်
ပျော်ရွှင်နေသူပါ -----
သူ့အပူနဲသူဆိုပေမယ့် ထိုအထဲမှာမှ
ကျနော်တို့ စိတ်ပျော်ရွှင်မှုကို ရှာဖွေကြရမှာပါ။
ဒါကြောင့် ပျော်ရွှင်ခြင်းကို
များများရှာဖွေနိုင်သူသာလျှင် စိတ်
ပျော်ရွှင်စွာနေတတ်သူလိုပြောလို့ရမှာပါ။
၎င်းပျော်ရွှင်ခြင်း အမျိုးမျိုးထဲမှာ
စိတ်ရဲ့ပျော်ရွှင်မှုကတော့ အဓိကဖြစ်ပါတယ်။
တစ်ချို့တွေ စိတ်ပျော်ရွှင်နေပေမယ့် ကိုယ်မပျော်ရွှင်ဘူး။
တစ်ချို့ တွေ ကိုယ်မပျော်ရွှင်ပြန်တော့လဲ
စိတ်မပျော်ရွှင်ကြဘူး။
နှစ်မျိုးလုံးပျော်ရွှင်ကြမယ်ဆိုရင်
ဒါဟာ ပြည့်စုံတဲ့ ပျော်ရွှင်မှုပေါ့နော်။
အခြားသောပျော်ရွှင်မှုတွေလဲ အများကြီးရှိပါတယ်။
သို့သော် ပျော်လို့ရပါတယ်
ပျော်ရွှင်ခြင်းမှာ လမ်းမဆုံးစေနဲ့။
တစ်ချို့ အရာတွေက သင့်ကိုပျော်ရွှင်ခြင်းပေးနိုင်သလို
မပျော်ရွှင်မှုတွေလဲ ဖန်တီးပေးတတ်တယ်
ဘာပဲဖြစ်ဖြစ်သင်ပျော်ရွှင်စွာ နေတတ်သူသာလျှင် ပျော်ရွှင်နေသူပါပဲ။
တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်ဒေါသဖြစ်
တွေးဝေထိုင်းမှိုင်း ငေးမောလွမ်းဆွတ် နေမယ်ဆိုရင်
သူကို ပျော်ရွှင်သူလို့ဆိုနိုင်းလား မဆိုနိုက်ဘူးနော်။
သင့်ကိုပျော်ရွှင်စေတဲ့ အရာတွေဆိုတာ
သူအလိုလိုရောက်လာတာ မဟုတ်ဘူး
ကိုယ်ကိုတိုင် ဖော်ညွှန်းယူရတာပါ။
ဖော်ညွှန်းဆိုတဲ့နေရာမှာ ဘာတွေ
ဖော်ညွှန်းရမလဲ ဆိုတော့ခါ ရိုးရိုးရှင်းရှင်း
ပြောရရင် ပျော်စရာကို ဖန်တီးရမှာဖြစ်ပါတယ်။
နေတတ်ကြည့်တတ်မြင်တတ်ရင်
အရာရာပျော်ရွှင်စရာတွေ ချီပါပဲ။
ဥပေက္ခာ ပြုထားတာမဟုတ်ဘူနော်
ပျော်ရွှင်စွာနေတတ်လို့ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောခဲ့ချင်တယ် သူတပါးအနှောက်အယှတ်
ဖြစ်စေမယ့် ပျော်ရွှင်ခြင်းတော့ အဖြစ်စေနဲ့ပေါ့ ။
ဒါဟာ အပျော်ကြူး အပျော်လွန်ခြင်းတွေဖြစ်တယ်
ပြောရမယ်ဆိုရင် လူ့အတိုက်ဝိုင်းမှာ
မကောက်းဘူးပေါ့ဗျာ။
အဓိက ကတော့စိတ်ပါ။
ဘယ်လိုအခတ်အခဲဒုက္ခ ဒေါသမောဟ ပူလောင်မှုတွေနဲ့ပဲကြုံနေပါစေ
မိမိစိတ်ကို ထားတတ်အောင်ပဲ ကျင့်ပါ တစ်နည်းအားဖြင့်ပြောရရင်
ကိုယ့်စိတ်ကိုပဲ ပျော်ရွှင်အောင် ကျင့်ပါ။ ----
ကိုယ့်စိတ်ပျော်ရွှင်မှသာလျှင် သူတစ်ပါးကိုပျော်ရွှင်မှုပေးနိုင်တယ်။
ဘဝမှာ ပျော်ရွှင်ခြင်းကလဲ အရာရာတိုင်းကို မကျော်လွှားနိုင်ဘူးဆိုပေမယ့်
တစ်ချို့ အရာတွေကို ပီးမြောက်စေနိုင်ပါတယ်။

=========
ဘဝမှာ လူသားအချင်းချင်းမနာလို
ရန်လိုမှု ကင်းမဲ့ပီး ပျော်ပျော်ရွှင်ရွှင်ဖြင့်
လျှောက်လှမ်းနိုင်ကြပါစေလို့
ဆန္ဒပြုရင်း @ KSL

ပျော်ရွှင်နိုင်ကြပါစေ ---

No comments:

Post a Comment