Friday, 24 April 2015

နားလည်မှုအကြောင်း

================
နားလည်မှုဆိုတာကလဲ
အမျိုးမျိုးရှိတာပေါ့နော် ----

သိုပေသိ ဒီနားလည်မှုကတော့ ' 'ကိုယ်ချင်းစာတရားကနေ
ပေါက်ဖွားလာတဲ့ ခွင့်လွှတ်ခြင်းတစ်မျိုး'

သူမှားနေတာကြီးကို ကိုယ်က
သိရက်နဲ့ ကိုယ်ဘဝနှင့် ယှဉ်ကာ
သူကို ခွင့်လွှတ်ပေးလိုက်ခြင်းပါ

ဒါပေမယ့် ဒီနေရာမှာ တစ်ခုစဉ်းစားမိတာက
အဲဒီလို နားလည် ပေးလိုက်တဲ့သူတွေနှင့်
နားလည်ခံရသူတွေရဲ့ဘဝတွေကို
သေချာပြန်တွေးကြည့်ရင်
နားလည်းပေးလိုက်တဲ့ သူတွေရဲ့ဘဝတွေကသာအမြတ်ဆုံးပဲ

သို့သော် -----တဖတ်ကကြည့်မယ်ဆိုရင်လည်
အမြဲလိုလိုနားလည်ခံနေရသော အမှတ်မရှိတဲ့ ဘဝတွေဟာ
ကြာလာရင် ယုတ်နိမ့်သွားတတ်တယ်

ဒီနေရာ ကိုယ်ကသူ့အမှားကို
ဖွေမယူဘူး ဆိုတဲ့ သဘောပါ

သို့သော်ငြားလဲ အမှားနဲ့ ကင်းသူ ဆိုတာတော့ မရှိဘူးပေါ့
ဒီကြားထဲမှာ အမှား နည်းအောင်တော့
တဖြေးဖြေးနဲ့ ကြိုးစားကြရမှာပေါ့
နားလည်မှုရှိမှလည်း တစ်ချို့ ကိစ္စ တော်တော်များများဟာ
ပြီးမြောက်စေနိုင်တယ်

အသေအချာဆန်းစစ်ကြည့်ရင်
သူကို နားလည်ပေးလိုက် ကိုယ်ရှုံးသွားတာမဟုတ်ဘူးနော်
စွန့်လွှတ်လိုက်ရတာမဟုတ် ဘူး သူ့ဆန္ဒကို
ကိုယ်ချင်းစာနာ စိတ်နဲ့ ဖြည့်စည်း ပေးလိုက်တာပါ
စိတ်ပျော်ရွှင်မှုတစ်ခုနဲ့ စိတ်လွတ်လပ်မှုတစ်ခုကို
ကိုယ်က ပိုင်ဆိုင်ရရှိသွားခြင်း သာဖြစ်တယ်

နားလည်းမှု အားအင်တွေဆိုတာ ----
လူ့အတိုင်းအဝိုင်း အဖွဲ့အစည်း ပါတီတွေမှာ စက်ယန္တယားကြီးလို
လည်ပတ်နေမှသာလျှင် ခိုင်မာတဲ့အဖွဲ့အစည်းတွေ ယုံကြည်အား
ထာူရလောက်တဲ့ လူအတိုင်း ပေါ်ထွန်လာမှာပါတယ်
ဒါဟာ သိပ့်အရေကြီပါတယ် --

ဒါတွေကလဲ အင်မတန်စိတ်ထားမွန်မြတ်သော သူတွေမှသာလျှင်
နားလည်မှုတရား တွေ အပြန်အလှန် ကိန်းအောင်းနိုင်တာပါ ---

နားလည်မှုတွေ ကိုယ်စီမွေးဖွားနိုင်ကြပါစေ

ဆန္ဒပြုရင်း ---------
#အတွေးစာစု @KSL

No comments:

Post a Comment