Saturday, 27 October 2012

အချစ်

အချစ်ဆိုတာ... အချစ်ကို ဒီလိုနားလည်ထားပါတယ်
သိပ်တော့နားမလည်ဘူးဗျာ.. တစ်ချို့ က အချစ်ဆိုတာ"ပေးဆပ်ခြင်း"တဲ့ တစ်ချို့ ကြတော့လည်း တစ်ကယ်ချစ်ရင် "ရယူခြင်း" ဆိုတာ အမှန်တရားပဲတဲ့... "အချစ် နဲ့ စစ်မှာ မတရားတာမရှိဘူး" တာလည်းရှိသေးတယ်... ကျွန်တော့်အလိုအရတော့ အချစ် နှင့် စစ် ကိုတန်းတူမယူဆချင်ဘူး... အချစ်ဆိုတာ မမြင်ရ ကိုင်တွယ်လို့ မရပေမယ့် နူးညံ့နွေးထွေးမှု ရှိတယ်လို့ ခံစားမိတယ်... စစ်ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ ခါးသီးစက်ဆုပ်ဖို့  ကောင်းပါတယ်.... တရားတယ် မတရားဘူး ဆိုတာကရော ဘာနဲ့  တိုင်းတာမှာလဲ..? တစ်ခြားသူကို ဥပေက္ခာပြုပြီး မိမိဆန္ဒ တစ်ခုနဲ့ ပဲဆုံးဖြက်မှာလား..?
(စာကြွင်း။ ။ အချစ် နဲ့  စစ်၊ အပူ နဲ့ အအေး ဆန့် ကျင်ဘက်နှစ်ခုကို ပေါင်းစပ်ထားတာကတော့ အနုပညာမြောက်လှပါတယ်) ကျွန်တော့်အတွက် အချစ်ဆိုတာ "ရယူခြင်း" လဲမဟုတ်ဘူး "ပေးဆပ်ခြင်း" လဲမဟုတ်ပါဘူး ကိုယ်ကတစ်ကယ် ချစ်မိပြီဆိုရင် ချစ်သူပြုံးနေတာ ပျော်နေတာ ကိုမြင်ရရင်ပဲ ကျေနပ်နေတာပါ... "အချစ်ဆိုတာ အပြန်အလှန်နားလည်ခြင်း နဲ့  လိုနေတဲ့ကွပ်လပ်တွေကိုဖြည့်နိုင်အောင်ကြီုးစားခြင်း" လို့ ပဲခံယူမိပါတယ်...
အခြားလူတွေအတွက် မှားချင်မှားနိုင်ပါတယ် ဒါကတော့ဖြတ်သန်းလာကြရတဲ့ အခြေနေတွေကမှ မတူနိုင်ကြတာပဲ....
ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့  သဘောထားလေးတွေလဲသိချင်ပါသေးတယ်ဗျာ...... တစ်ယောက် နဲ့ တစ်ယောက်ရင်ဘက်ချင်း တူသွားခဲ့ရင်တော့........k.s.l..www.kyisanlin.com

No comments:

Post a Comment