ဘာကြောင့်ရန်တွေ ထပ်ဖြစ်ကြရတာလဲ....ကိုယ်ဘာကိုယ် ငြိမ်ငြိမ် လေးထိုင်ပြီးတွေးဘူးလား ကျွန်တော်ဆို အမြဲတမ်းတွေးဘူးတယ် ရန်တွေဖြစ်ရတဲ့အကြောင်းအရင်းက သေးငယ်တဲ့ကိစ္စ လေးတွေ ကနေစတာပဲ.... ဘယ်လူ့အဖွဲ့အစည်းမှာဖြစ်ဖြစ် ဘယ်အဖွဲ့စည်းမျိုးမှာပဲဖြစ်ဖြစ် ရန်ပွဲတွေဆိုတာ ရှိနေမြဲပါပဲ ဘာဖြစ်လိုရှိနေရတာ တွေးကြည့်တယ် အကြောင်းအရင်းတွေ ကတော့ အများကြီးပေါ့ ဥပမာ အရက်ကြောင့်..အရက်ဟာ လူတွေရဲ့ ဦနောက်ထဲမှာရှိတဲ့ ဆဲလ် ၇၅% လောက်ကို ဖျက်စီးပစ်လိုက်တယ် အဲဒီအချိန်မှာ အသိဥာဏ်တွေ မှေးမိန်သွားတယ် လျှပ်စစ်မီးရောင် တောက်ပနေချိန်မှာ မီးအားနည်းသွာသလိုမျိုးပေါ့....စိတ်ကို ထိန်းချုပ်နိင်စွမ်းမရှိတော့ဘူး စိတ်ဟာကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခု ဆီသို့ပဲ ဦးတည်နေတယ် အဲဒီတော့ ခံစားချက်သေးသေးလေးကနေ ကြီးမားတဲ့ရန် ပွဲကြီးတွေဖြစ်တည်လားတာပဲ.....ဒေါသကြောင့်.. ဒေါသဟာ လူတွေရဲ့ စိက်မှာအလွန်းကြမ်းတမ်းတဲ့ စွမ်အင်းကြီးပဲ ဒေါသစိတ် ပြင်းထန် လာပြီးဆို အသားကိုတောင် အစိမ်းလိုက် ဝါးစားမယ်ဆိုပဲ..... ဒီစွမ်အင်းကြီးကို မိမိရဲ့ စိတ်သဏ္ဌာန်မှာ ရေရှည် မွေးမြူမထားသင့်ပါ ဟဲဒီစွမ်းအင်းဟာ လူတွေကို သေကျေဖျက်စီးနိုင် သလို ကြီးမားတဲ့ ရန်ပွဲတွေလဲ ဖြစ်ပေါ်လာနိုင်တယ်....အတ္တကြောင့်....အတ္တရှိသူဟာ ဒေါသလဲကြီးတယ် ဟဲဒီနှစ်ခုဟာ ဒွန့်တွဲနေတယ် အတ္တကြီးသူဟာ လောဘ မောဟ တွေထဲမှာ လှောင်ပိတ်နေသလိုပဲ ရုန်းထွက် ဖို့ခတ်တယ် ... ဒါတွေကို ငါပဲ ပိုင်ဆိုင်ရမယ် ဒါကို ငါတစ်ယောက်တည်းပဲ သုံးဆောင်ရမယ့်စိတ် အဲဒီလိုနဲ့ တစ်ဦးနှင့်တစ်ဦး အပြစ်တွေမြင်လာမယ် ယုံကြည်မှု့တွေ ပျက်ပြယ်မယ် နားလည်မှုတွေ ကွဲလွဲမယ် မင်းကတော့ ဘယ်လို ငါကတော့ ဘယ်လို ဝန်တို စိတ်တွေနဲ့ မိမိရဲ့ စိတ်ဟာ တဝဲလယ်နေမယ် ဆိုရင် ဒါရန်ပွဲ တွေရဲ့ ဇာတ်လမ်းဦး အစပဲ......ဒီနေ၇ာမှာ သတိပေးချင် တာက တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် တော့မယ် စွပ်စွဲတော့မယ် စူပူမာန်မဲ တော့မယ် ဆိုရင် ဒါမှမဟုတ် ကိုယ့်အပြစ်ကိုကာဖို့ တန်ပြန် တိုက်ခိုက် တော့မယ် ဆိုရင် "အဲဒါဟာ တယ်ပဲ အရေးကြီး တလား" လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့် လိုက်ပါ များသောအားဖြင့်တော့ ကယ်ပဲ အရေမကြီးမှန်း သိလာပါလိမ်မယ် အဲဒီလိုနဲ ပဋိပကတွေ ရန်ပွဲတွေ ကိုရှောင်ရှား သွားနိုင်ပါတယ်......" စိတ်ဓာတ် စွမ်းအား ကြီးမား မြင့်မြတ် သူတွေဟာ ရန်ပွဲတွေကို ဖယ်ကွင်း နိုင်သူတွေပဲ.."..မိမိရဲ့ စိတ်ကို ရင့်ကျက်အောင်လုပ် ပါ....ကြည့်ပါ၊ ကျင့်ပါ၊ ကြံပါ၊ တင်ပါ၊ တွေးပါ၊ စဉ်စားပါ...နာယူပါ၊ မှတ်သားပါ၊ လိုက်နာပါ....။
www.kyisanlin.com
No comments:
Post a Comment