Read More »

Monday, 28 December 2015

ခေါင်းဆောင်မှု သဘောတရားများ

                                  

၁။ လင်းယုန်ငှက် သဘောတရား
၂။ပုရွက်ဆိတ် သဘောတရား
၃။ ခြင်္သေ့ သဘောတရား
၎။ လိပ် သဘောတရား
၅။ အိုးထိန်းသည် သဘောတရား
၆။ လယ်သမား သဘောတရား
၇။ သိုးထိန်း သဘောတရား

၁။ လင်းယုန်ငှက် သဘောတရား
လင်းယုန်ငှက် တစ်ကောင်ဟာ မျက်စိအားကောင်းသလောက် သူကြည့်လိုက်တဲ့ အရာတိုင်းကို အပိတ်အဆို့ အဟန့်အတား ဝေဝါးခြင်းမရှိ ပကတိ ပြတ်ပြတ်သားသားကြည့်မြင်နိုင်တယ်။
ကောင်းကင်ပေါ်မှာ ပျံဝဲပီး အထက်ကနေစီး ကြည့်တဲ့ လင်းယုန်ငှက် အဖို့ မြင်ကွင်းက ကြီးမားကျယ်ပြန့်ပေမယ့် ထူးခြားတဲ့ ပစ်မှတ် (သို့) အစာကို ရှာနိုင်စွမ်း ရှိတယ်။
ခေါင်းဆောင်ဟာလည်း လင်းယုန်ငှက်လိုပဲ မိမိအတွက်၊ မိမိနောက်လိုက်တွေအတွက် မြော်မြင်နိုင်တဲ့ စွမ်းရည် ရှိရမယ်။ မျှော်မှန်းချက်ပန်းတိုင် ချမှတ်နိုင်ရမယ်။  မျှော်မှန်းချက် အတိုင်းလည်း လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရမယ်။
၂။ပုရွက်ဆိတ် သဘောတရား
သကြားပုံ တပုံဆီကို သွားနေတဲ့ ပုရွက်ဆိတ်အတန်းလိုက်ကြီးကို မြင်ဖူးပါသလား။ ဒီပုရွက်ဆိတ် တန်းကြီးမှာ ဆက်သွယ်ရေးပုံစံတခု ရှိနေတယ်ဆိုတာကိုကော လက်ခံပါလား။
ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆက်သွယ်ရေး ကျွမ်းကျင်ဖို့ လိုပါတယ်။
အင်အားအကောင်းဆုံး အဖွဲ့အစည်းတခု ရဲ့ တည်ဆောက်ပုံဟာ ရည်မှန်းချက်တစ်ခုကို စုပေါင်းအကောင် အထည်ဖော်ခြင်းပါပဲ။
ပုရွက်ဆိတ်သဘောတရားမှာ ခေါင်းဆောင်နဲ့ ငယ်သားများ ရည်မှန်းချက် တစ်ထပ်တည်းကျအောင် စွမ်းဆောင် စည်းရုန်းနိုင်ခြင်းကို အခြေခံထားတာပါ။

၃။ ခြင်္သေ့ သဘောတရား
ခြင်္သေ့ရဲ့ အထိမ်းအမှတ်သင်္ကေတကတော့ ရဲရင့်မှုပါပဲ။
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဖြစ်ချင်ရင် သတ္တိရှိဖို့လိုတယ်။ အဲဒီသတ္တိတွေကတော့ စွန့်စားလုပ်ဆောင်ရဲတဲ့ သတ္တိ၊ ဦးဆောင်တာဝန်ယူနိုင်တဲ့ သတ္တိ၊ ဆန်းသစ်တီထွင်မှု လုပ်မယ့် သတ္တိတွေပါပဲ။
သတ္တိဆိုတာ ကြောက်ရွံ့မှုကို ခုခံတွန်းလှန်ခြင်းနှင့် ကြောက်ရွံ့မှုကို ကြိုးကိုင်ခြယ်လှယ်ခြင်းသာဖြစ်ပြီး ကြောက်ရွံ့မှုကို ပပျောက်အောင် ဖျောက်ပေးတာ မဟုတ်ဘူး
မက်တွိန်း
၎။ လိပ် သဘောတရား
ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ပုံပြင်ကို ကြားဖူးကြပါသလား။ ဒီပုံပြင်လေးက ဘာကို ရည်ညွှန်းပြဆိုပါလဲ။
ဇွဲ ပဲပေါ့။ ဇွဲမရှိတဲ့ သူ၊ သက်လုံမကောင်းတဲ့သူ၊ ခံနိုင်ရည်မရှိတဲ့ သူတွေဟာ အောင်မြင်မှု မရနိုင်ပါဘူး။ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ရေးမှာ ဇွဲ၊လုံ့လ၊ ဝိရီယကို အရင် စိုက်ဖို့အရေးကြီးပါတယ်။
၅။ အိုးထိန်းသည် သဘောတရား
ဒီသဘောတရားကတော့ တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးဥာဏ်ရှိမှုကို ကိုယ်စားပြုပါတယ်။ တနည်းအားဖြင့် ကြံရည်ဖန်ရည် ရှိရမယ်လို့ ဆိုလိုတာပါ။
၆။ လယ်သမား သဘောတရား
တောင်သူလယ်သမားတယောက်ရဲ့ စိတ်ထဲကို ဝင်ကြည့်ဖူးပါသလား။ သူဘာတွေတွေးနေသလဲ။ သူ့စိတ်ထဲထဲမှာ သူ့စပါးသီးနှံ များအောင်မြင်ရေး၊ အထွက်နှုန်းတိုးရေး၊ ဖြစ်ထွန်းအောင်မြင်ရေးကို သာတွေးနေမှာပါ။ နောက်ပီး သူ့မှာ သူ့သီးနှံတွေ အောင်မြင်ဖို့ ဆိုတဲ့ ယုံကြည်ချက် ခိုင်မာနေတာကို လည်း တွေ့ ရမယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ အတွေးများကို အမြဲ စိုက်ပျိုးနေဖို့လိုပါတယ်။
ခေါင်းဆောင်တွေဟာ ပြဿနာတွေကို ခြုံငုံသုံးသပ်ဖို့၊ အဖြေရှာဖို့ အကြံထုတ်ဖို့ သူတို့ရဲ့ မဟာဦးနှောက်ကို အလုပ်ပေးပြီး ထူးကဲတဲ့ အတွေးတွေကို သန့်စင်ယူကြတာပါပဲ။
၇။ သိုးထိန်း သဘောတရား
သိုးထိန်းသည်ဆိုတာ သိုးတွေကို ဝံပုလွေတွေ၊ တခြားတောရိုင်းတိရစ္ဆာန် တွေ ရဲ့ အန္တရာယ်က နေ ကာကွယ်ပေးရတယ်။ သိုးထိန်းတယောက်ဟာ သူ့သိုးတွေအပေါ်မှာ ယုယကြင်နာပြီး သနားဂရုနာထားတယ်၊ မေတ္တာထားတယ်ဆိုတာ သိသာပါတယ်။ တနည်းအားဖြင့် မေတ္တာတရားပါပဲ။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာ တခုကတော့ တခြားသူတွေအပေါ်မှာ မေတ္တာစေတနာထားပြီး ကိုယ်ချင်းစာစိတ်ထားတာပါပဲ။ တနည်းအားဖြင့် တပါးသူကို စဉ်းစားပေးတာပါ။



Read More »

Thursday, 29 October 2015

ပညာရှိတို့၏ အဆိုအမိန့်

ပညာရှင်တို့၏ အဆိုအမိန့်
==============

ပန်းတိုင်ဆိုတာ
ရှိနေသ၍ အကျွန်ုပ်တို့ 
လျှောက်ကြရမည်ဖြစ်သည်။
********************

လူတစ်ယောက်ကိုသာ
ရီမောစေနိုင်သော ဟာသသည်
ရသ မမြောက်ပါ။
********************
အချိန်သည် အကျွန်ုပ်တို့၏
အသက်နှင့် ခန္ဓာအား
တရွေ့ရွေ့ တိုက်စားသွားနိုင်သည်။
*********************

ရှေ့အနာဂတ်တစ်ခု အတွက်
ပြီဆုံးခဲ့ပြီးသော အတိတ်သည်
အခြေခံ ထုထည်ကြီး တစ်ခုဖြစ်သည်။
*********************

ဖြည်းညင်းစွာ သွားလာခြင်းသည်
ဆူးငြောင့် ခလုတ်များကို တွေ့ရှိ
ကျော်လွှားစေ နိုင်သည်။
*********************

စိတ်ရှည် သည်းခံခြင်းသည်
သေချာမှုတစ်ခုရဲ့ အားအင်ဖြစ်သည်။
**********************

ယုံကြည်မှု တစ်ခုအတွက်
သံသယတွေ ရွက်လွှင့်နေရခြင်းဖြစ်သည်။
**********************


လူးသားအချင်းချင်းတို့၏ကြား နားလည်မှုနှင့်
ယုံကြည်မှုတို့သည် ငြိမ်းချမ်းခြင်း၏
အခြေခံ သဘောတရားများဖြစ်သည်။
***********************

@K
Read More »

Monday, 26 October 2015

ဆရာတော် ဦးဇောတိက၏ တစ်စိမ့်စိမ့်တွေးစရာများ 

     သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။ အငြင်းအခုန်လုပ်နေတာဟာ ထင်မြင် ချက်တွေပဲ။ အမှန်တရားဟာ ငြင်းခုန် နေစရာ မလိုတဲ့အရာ ဖြစ်တယ်။ အကြောင်းအကျိုး ကိုက်ညီအောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ၊ ဖျက်ဆီးလိုက်တာဟာ လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးပစ် တာ။ ဒါဟာ အရက်စက်ဆုံးပါ၊ အကြီး လေး ဆုံး ပြစ်မှုပဲ။ အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမား ဆုံး ပြစ်မှုကို လွန်ကျူးတာပဲ။ မှန်ကန်တိကျသော အချက်အလက် အကြောင်းအကျိုး အထောက်အထား မရှိဘဲ မှန်တယ်လို့ ပြောကြတာကို ဘာလို့ လက်ခံရမှာလဲ။ လက်မခံနိုင် ပါဘူး။ အဲ့ဒီလိုသာ လက်ခံနေရင် ကိုယ့်ခေါင်းဟာ အမှုတ်ပုံး ဖြစ်သွား မှာပေါ့။ စဉ်းစားခွင့် မပေးတာ၊ သံသယဖြစ် ခွင့် မပေးတာ၊ ကြောက်အောင်လုပ် နေတာဟာ အသိဉာဏ်ကို သတ်လိုက် တာပဲ။ လူသားရဲ့ အကောင်းဆုံး အရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသားအဆင့်ကနေ ကျ သွားအောင် လုပ်လိုက်တာပဲ။ ဗုဒ္ဓဘာသာတရားမှာ ယုံကြည်တာက အရေးကြီးဆုံးအချက် မဟုတ်ပါဘူး။ ကိုယ်တိုင် သိတာက အရေးကြီးသော အချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရား ဟာ အမှန်တရားကို လွတ်လပ်စွာ ရှာ ဖွေဖို့၊ လက်တွေ့ စမ်းသပ်ဖို့ အားပေး တဲ့ တရား ဖြစ်တယ်။ အဆင့်မြင့်ဆုံး လွတ်လပ်မှုကို ရောက်သွားအောင် လမ်းဖွင့်ပေးတဲ့ ဘာသာတရား ဖြစ် တယ်။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။ ဉာဏ်ရှိသူတို့သည် ကိုယ်စိကိုယ်စီ အသီးအသီး မိမိတို့ ဉာဏ်ရှိသမျှ သိ နိုင်မယ်။ ဉာဏ်ရှိသလောက် သိနိုင် မယ်ဆိုတဲ့ အချက်ဟာ သိပ်အရေးကြီး တယ်။ ဉာဏ်ပိုရှိလေ ပိုသိလေပဲ။ ဒါကြောင့် ဉာဏ်အဆင့်မြင့်တဲ့သူကို အဆင့်မြင့်တဲ့ တရားကို ပြောရတာ ပိုလွယ်တယ်။ အထူးသဖြင့် ၀ိပဿနာ တရားဟာ ဉာဏ်မြင့်လေ သိဖို့ လွယ် လေပဲ။ အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်လေးနဲ့ လက်မခံမိတာပါ။ လွယ်လွယ်နဲ့ လက်ခံလိုက်ရင် မလေး စားရာ ရောက်တယ်။ ကိုယ့်ရဲ့ အသိဉာဏ်ကို အသိအမှတ် မပြုတာဟာ ကိုယ့်ကို လူလို့ သဘော မထားတာပဲ။ ဒါဟာ စော်ကားလိုက် တာပဲ။ ရိုးသားမှုလုံးဝမရှိဘဲ အမှန်တရားကို မသိနိုင်ဘူး။ အမှန်တရားကို မသိဘဲ။ လွတ်လပ်မှု မရှိနိုင်ဘူး။ ဒါကြောင့် အမှန်တရားကို သိဖို့ တစ်သက်လုံး လေးလေးစားစား လုပ်မယ်။ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေတာကို သတိနဲ့ ပစ္စုပ္ပန်တည့် တည့်မြင်ရင် အကုသိုလ်တွေကို ပြု လုပ်ချင်စိတ် သိပ်နည်းသွားတယ်။ သေသေချာချာ မြင်ရင် အကုသိုလ်ကို မလုပ်ချင်တော့ဘူး။ အကုသိုလ်ဟာ ပင်ပန်းတယ်။ ဆင်းရဲတယ်။ ရွံစရာ ကောင်းတယ်။ ကုသိုလ်ဟာ ချမ်းသာ တယ်။ သန့်ရှင်းတယ်။ လှတယ်။ လွတ်လပ်တယ်။ ကိုယ့်စိတ်ကို ကိုယ်တိုင် သတိနဲ့ ဉာဏ် နဲ့ မမြင်ဘဲ မကောင်းမှုကို ရှောင်တဲ့သူ ဟာ ကာယကံနဲ့ ၀စီကံကိုပဲ ရှောင်နိုင် မယ်။ မနောကံကို မရှောင်နိုင်ပါဘူး။ ကိုယ်စိတ်ကို ကိုယ် သိနေတဲ့သူဟာ မနောကံကိုပါ ရှောင်နိုင်လာတယ်။ ဒါကြောင့် ကုသိုလ် အကုသိုလ်ကို ကိုယ်တိုင် သိသောအဆင့်ကို ရောက် သွားရင် ထင်ရာ မလုပ်တော့ဘူး။ မြတ်စွာဘုရားက ပြောခဲ့တယ်။ မိမိကိုယ်ကို ထောက်ရာတည်ရာ ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။ မိမိကိုယ်ကို အားကိုးစရာ အားထားစရာ ဖြစ်အောင် လုပ်ပါ။ အခြားသောသူကို ကိုးကွယ်စရာ အားထားစရာအဖြစ် မထားပါနဲ့။ အခြားသူကို အားမကိုးပါနဲ့ တဲ့။ သိပ်အားရ ကျေနပ်စရာ ကောင်းတယ်။ ဘယ်ခေါင်းဆောင်ကမှ ဒီလို ပြောတာ ကြားဖူးလဲ။ ငါ့ အမိန့်ကို နာခံ၊ ငါ ပြောသလိုလုပ်လို့ပဲ ပြောကြတယ်။ အဲ့ဒါ ငါ့ကို အားကိုလို့ ပြောတာပဲ။ မင်းတို့ အသိဉာဏ်ကို မင်းတို့ မသုံးနဲ့ လို့ ပြောတာနဲ့ အတူတူပဲ။ သူများကို အားကိုးနေရင် လွတ်လပ်မှု မရှိဘူး။ ကိုယ့် ဉာဏ်လည်း မထွက်တော့ဘူး။ အမြဲတမ်း ကလေးလို နေရမယ်။ မြတ်စွာဘုရားက လူကြီးဖြစ်အောင် လမ်းဖွင့်ပေးလိုက်တာပါ။ အားလုံးက လမ်းပိတ်ထားကြတယ်။ လူကြီးဖြစ်ခွင့် မပေးဘူး။ ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ် ရဲရဲကြီး ပြင်လိုက်ပါ။ အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။ အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင် မှားယွင်းမှုတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။ အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ် ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။ အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒီအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။ သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။ စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။ ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှု လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။ မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့ မလွယ်ဘူး။ အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။ သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။ အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။ အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။ ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။ တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။ ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်… Disappointment – ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ… Rejection – ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ… Abandonment – စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ… Ridicule – လှောင်တာ၊ ပြောင်တာ၊ သရော်တာ… Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ… Betrayal – သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ… Deception – လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ… Physical Abuse – ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ… Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။… သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။ တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။ ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့ လောကကြီးဟာ ဆက်စပ်နေတယ်၊ ဘယ်လိုမှ သီးခြားဖြစ်သွားအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။ သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။ ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။ ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။ ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။ ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။ ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။ ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။ လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။ တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။ ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်… ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။ တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။ ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်သတိထားပါတယ်။ ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလိုပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့သဘောထားမယ်။ ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကိုရုန်းကန်ပြီး နေသွားကြတယ်။ ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။ ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး ကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။ ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။ ` အပ္ပမာဒေန သမ္ပာဒေထ` လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကို မမေ့ဘူး။ အရေးးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။ ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။ ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေးစိတ်ချမ်းသာနိုင်တယ်။ ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။ ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။ ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။ ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။ ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။ လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။ လူသားဟာ အင်မတန် ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တယ်နော်။ အကြာင်း အကျိုး ကို နက်နက်နဲနဲ ဆင်ခြင် နိုင်တဲ့၊ သိနိုင်တဲ့ သတ္တဝါ ဖြစ်ပေမယ့် လည်းပဲ မဆင်ခြင်ဘူး။ အကျိုးရှိ မရှိကို တကယ် မစဉ်းစားဘူး။ စိတ်လိုက် မာန်ပါ လုပ်တတ်တယ်။ အချို့လည်း အကျင့် ပါသွားပြီး လုပ်တာရှိတယ်။ တချို့လည်း ပတ်ဝန်းကျင်က လုပ်တာကို လိုက်လျောရင်းက အားနာပါးနာနဲ့ လုပ်တာရှိတယ်။ နောက်တစ်ခုက ပျင်းတာလည်း ပါတယ်။ တစ်ခါတစ်လေ ပျင်းတာနဲ့ ကိုပဲ လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေလိုက်တာ ရှိတယ်နော်။မလုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ နေတာကလည်း အကျိုး ရှိမရှိကို ဆင်ခြင်ပြီး မလုပ်ပဲ နေလိုက်တာနော်။ လုပ်သင့်တဲ့ အလုပ်ကို ဒါအကျိုးရှိတဲ့ အလုပ် ဆိုပြီး ဆင်ခြင်ပြီး လုပ်ရမှာနော်။ ကိုယ်ဘဝ အခြေအနေ ပေးရင်ပေး သလောက် စိတ်အေးချမ်းအောင် အသိဥာဏ် ကောင်းသထက် ကောင်းအောင် ကြိုးစားပြီး လုပ်တဲ့ အကျင့်ကို ငယ်ငယ်ကတည်းက လုပ်သင့်တယ်။ အဲဒီလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီး သေးခင်မှာပဲ စိတ်နေ သဘောထားကော အသိဥာဏ်ကော အများကြီး လေးနက် ရင့်ကျက် သွားလိမ့်မယ်။ တစ်ဘဝစာဟာ နှစ်ဘဝစာ လောက် ဖြစ်သွားလိမ့်မယ်။ တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ်ရဲ့ အမြင့်မြတ်ဆုံး အမြင့်ဆုံး ရည်မှန်းချက်က ဘာလဲ၊ အဲဒါကို ထည့်စဉ်းစား ရမယ်နော်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူး။ အသက်အရွယ် လိုက်ပြီးတော့ တူမှာ မဟုတ်ဘူး။ ဥပမာ ။ ။ ကျောင်းနေတဲ့ အရွယ်ဆိုရင် သူ့ကျောင်းစာကို သေသေချာချာ ကျေညက်ဖို့က သူ့အတွက် အင်မတန် အရေးကြီးတဲ့ ရည်မှန်းချက်ပဲ။ တရား အားထုတ်တယ် ဆိုရင်လည်းပဲ တရားဘက်က တိုးတတ်မှု ရှိဖို့က သူ့အတွက် ရည်မှန်းချက် တစ်ခုပဲ။ အခြေအနေကို လိုက်ပြီးတော့ အသက်အရွယ်ကို လိုက်ပြီးတော့ ရည်မှန်းချက်တော့ မတူဘူး။ ငယ်ငယ်ကတည်းက အဲဒီလိုသာ ဆင်ခြင်မယ်ဆို တော်တော် လေးနက်တဲ့ ရင့်ကျက်တဲ့ စိတ်နေ သဘောထားကော၊ အသိဥာဏ်ကော၊ ပညာ အရည်အချင်းကော၊ ပြောပုံဆိုပုံကော၊ ဘယ်နေရာမှ မကျန်အောင် တိုးတတ်တဲ့လူတွေ ဖြစ်လာမှပဲ။ အဲသလို ဖြစ်လာရင် ပတ်ဝန်းကျင်က ကိုယ့်ကို ထိုက်သင့်တဲ့ နေရာပေးမှာ ပဲနော်။ ပတ်ဝန်းကျင်ဆိုတာ ကိုယ်နဲ့ တန်ရင် ကိုယ့်ကို နေရာပေး ပါတယ်။ ကိုယ်ကသာ တကယ် စည်းနဲ့ ကမ်းနဲ့ ကိုယ်ဘဝကို နေမယ်။ လုပ်သင့်တာ လုပ်မယ်။ မလုပ်သင့်တာ မလုပ်ဘူး။ ပြောသင့်တာကို ပြောမယ်။ မပြောသင့်တာကို မပြောဘူး။ တရားနဲ့ အညီနေမယ်။ စိတ်ချမ်းချမ်း သာသာ နေမယ်။ စိတ်တည်တည် ငြိမ်ငြိမ် နေမယ်ဆိုရင် ပတ်ဝန်းကျင်က ကိုယ့်ကို လေးစား လာမှာပါ။ သေမှာကို မကြောက်တဲ့ စိတ်နဲ့ သေမယ်။ ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာသိဖို့ အင်မတန်လိုတယ်နော်….။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့  ကိုယ့် ဘ၀ထဲက အချိန်တွေ အကုန်လုံးကို ယူသွားနေတာ။ “ အချိန်က မကျန်တော့ ဘူး။ တကယ်အရေးကြီးဆုံး အလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နဲနေတယ်” နောက်ဆုံးသေခါနီးမှ ကိုယ့် ဘ၀ကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ်ဆိုပါတော့ ငါဘာတွေလုပ်ခဲ့ သလဲ ဘယ်သူ့ အတွက်လုပ်ခဲ့ သလဲ။ငါလုပ်ခဲ့ သမျှအားလုံးဟာ သူများဖို့ ပဲ ။ သူများအထင်ကြီးဖို့ ငါ့ ဘ၀ကိုပေးနေခဲ့ တာ။ ငါတကယ်လုပ်ချင်တဲ့ အလုပ်ကိုမလုပ်ရသေးဘူး ။ သူများကို မနာလို ဖြစ်နေရတာနဲ့ ပဲ ငါ့ ဘ၀ကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ ရဘူး ။ နှမြောလိုက်တာလို့ တွေးနေရင် သိပ်နောက်ကျသွားပြီ။ စာမေးပွဲမှာ ကိုယ်တကယ်တတ်တာဖြေဖို့ ထက် အမှတ်ရဖို့ ကအဓိကထားတော့ ခိုးဖြေတာတွေ ဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးတာခံရဖို့ ကို အဓိကထားနေရင် ဟန်လုပ်ပြီးနေပြရမယ်။အဲ့ ဒါ ဘ၀စာမေးပွဲကို ခိုးဖြေတာပဲ။ “ သေခါနီးမှာ ငါအထင်ကြီးတဲ့ သူတွေ ဘယ်မှာလဲလို့ မေးရင် ဘယ်လိုအဖြေထွက်မလဲ” စစ်မှန်တဲ့ ဘ၀၊မှန်ကန်တဲ့ ဘ၀၊အတုအယောင်မဟုတ်တဲ့ ဘ၀ကို နေသွားဖို့ နဲ့ သေတဲ့ အခါမှာလည်း ဘာမှဟန်လုပ် ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်းသေဖို့ က တကယ်ခက်ခဲနက်နဲတဲ့  မိမိကိုယ်ကို ချစ်တတ်တဲ့သူ၊ လေးစားတဲ့သူ၊ ယုံကြည့်တဲ့သူ၊ အားကိုးတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့နော်။ သတိနဲ့ လုပ်ပါ။ ဥာဏ်လေးနဲ့ ယှဉ်ပြီးလုပ်ပါ။ သတိနဲ့ ဥာဏ်နဲ့ ယှဉ်ပြီးလုပ်ရတာ အစမှာ နည်းနည်းတော့ ပင်ပန်းသလို လေးလံသလို ဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်လေး ရသွားရင်တော့ လုပ်ရတာ စိတ်ပေါ့ပါး ကြည်လင်ပြီး ကိုယ်ကိုယ်ကိုပါ လေးစားမှု ရှိပြီးတော့ ကျေနပ်မှု အများကြီး ရပါတယ်။ အင်မတန် အကျိုးရှိပါတယ် ပြောရဲဆိုရဲတယ်၊ ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ်ရဲ့အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုး ရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်း သိရမယ်။ အဲ့ဒီ ခံစားချက်ကို လည်းတဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်းရှိရမယ် ။ အဲ့ဒီလို ပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာ ကိုလည်းမထိခိုက် စေရဘူး။ တဖက်သားရဲ့ ကိုယ်ကျင့်သိက္ခာကိုလည်း မထိခိုက်စေရဘူး ။ ထိန်းသိမ်းရမယ် ။ ကိုယ်ကလည်း ဂုဏ်သိက္ခာရှိရှိ ပြောရမယ်။ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေရဘူး။ စိတ်ချမ်းသာဖို့ လိုအပ်ချက်တွေကို ကြောင်းပြနေရင် နှစ်ပေါင်းတစ်ရာကြာတောင်မှ လိုအပ်ချက်တွေ ပြည့်စုံမှာ မဟုတ်ဘူးလေ။ ဒါကြောင့် စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်လိုက်ပြီ။ ဘာအကြောင်းပြချက်မှ မလိုဘူး။ ဘာဖြစ်လာရင် စိတ်ချမ်းသာမယ်၊ ဘာရရင် စိတ်ချမ်းသာမယ်လို့ မတွေးတော့ဘူး။ စိတ်ချမ်းသာမှုကတော့ ခုရမှဖြစ်မယ်။ စိတ်ချမ်းသာမှုအတွက် အကြောင်းပြချက်တွေ များနေရင် အဲဒီအကြောင်းပြချက်တွေက ကိုယ်ကိုလွမ်းမိုးနေမယ်။ ကိုယ့်စိတ်ချမ်းသာမှုက သူတို့အပေါ်မူတည်နေရင် မရေရာတော့ဘူး။ ကိုယ့်ဘဝကို သူတို့ လွှမ်းမိုးနိုင်အောင် ကိုယ်က ခွင့်ပြုထားသလို ဖြစ်နေမယ်။ ကျွန်တော်တော့ ကျွန်တော်ဘဝကို ပြင်ပကိစ္စတွေနဲ့ လူတွေက လွှမ်းမိုးတာ နည်းနိုင်သမျှနည်းအောင် နေမယ်။ ဒါမှ စိတ်ချမ်းသာအောင် နေလို့ရမယ်။ အမေရိကန်မှာပြောလေ့ ရှိတဲ့ စကားတစ်ခုရှိတယ်။ Eat, sleep and be merry. For tomorrow you die. မနက်ဖြန်သေချင်သေမယ်။အဲ့ ဒီတော့ ဒီကနေ့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းပျော်။ သူတို့ ကသေပြီးရင် ပြီးပြီလို့ ထင်နေတာကိုးနော် ။ သေပြီးရင် အသက်ပဲပြီးပြီဆိုရင်တော့ ဟုတ်တာပေါ့ ။ သို့ သော် သေပြီးရင်မပြိးသေးဘူး။ ပြီးတော့ စားသောက်ပျော်ပါးတယ်ဆိုတာလောက်နဲ့ ဘ၀ရဲ့ အနှစ်သာရက ပြည့် စုံပြီလား။ တကယ်လေးနက်ပြီလား။မလေးနက်နိုင်သေးဘူးနော်။ အသိဥာဏ်ရင့် ကျက်တဲ့ လူဆိုရင် နောက်ဘ၀ကိုရှိတယ်….မရှိဘူး မသိရင်တောင်မှ၊မယုံရင်တောင်မှ အခုနေရတဲ့ ဘ၀မှာ ပိုပြီးတော့ အဓိပ္ပါယ်ရှိအောင် လေးနက်အောင်နေရတယ်….။ နေမှာပဲ။ ဘ၀ကိုနောက်ဆုံအချိန်ထိ အဓိပ္ပါယ်ရှိရှိ တန်ဖိုးရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့ လိုတယ်။ အဲ့ ဒါကိုမသိလို့ ရှိရင် အသက်ကြီးသားတဲ့ အခါ တော်တော်အားငယ်စရာ တော်တော်စိတ်ညစ်စရာကောင်းတယ်။ စွန့် စားတဲ့ သူ၊အားထုတ်တဲ့  သူရဲ့ ဘ၀ဟာရေရှည်မှာသက်သာပါတယ်။သေခါနီးမှာလည်း “ ငါလုပ်ချင်တာတွေ အမျိုးမျိုးလုပ်ခဲ့ ရပြီ။ အများကြီး လုပ်ခဲ့ ရပြီ ။သေပျော်ပါတယ်”လို့ တွေးမိပြီး ကျေနပ်လိမ့် မယ် စိတ်မချမ်းသာတာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ မရှိလို့ပဲ။ ကိုယ်ဘဝမှာ အင်မတန် အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ စိတ်ချမ်းသာမှုကို ဘာဖြစ်လို့ သူများလက်ထဲ ထည့်ရမှာလဲ။ ဒါလောက်အရေးကြီးတဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင်လုပ်တာပဲ ကောင်းပါတယ်။ တခြားအရေးမကြီးတဲ့ ကိစ္စတွေ သူများနဲ့လွဲသင့်ရင် လွဲမယ်။ သူငယ်ချင်းတို့ကို အကြံပေးချင်ပါတယ်။ စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှု တော်တော်များများဟာ ကိုယ်ကတွေကြုံရတဲ့ အခြေအနေကို အဓိပ္ပာယ်ကောက်ပုံပေါ်မှာမှုတည်ပါတယ်။ ကိုယ်ရသင်တဲ့ အခွင့်အရေးကို မရတဲ့အခါ မတရားဘူး။ မမျှတဘူးလို့ တွေးတတ်တယ်။ ရသင့်တဲအခွင့်အရေးကို မရတာထက် ရသင့်တဲ့စိတ်ချမ်းသာမှုကို မရတာက ပိုပြီးနှစ်နာပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ရအောင် စိတ်ချမ်းသာအောင်နေ လိုက်တော့မယ်။ စိတ်ငြိမ်းချမ်းနေတာ စိတ်ချမ်းသာမှုအစစ်ပဲ။ စိတ်ငြိမ်းချမ်းနေတဲ့အခါမှာ စိတ်ဆင်းရဲလို့ မရဘူး။ နှစ်ကူးမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာအောင် ပြောချင်တယ်။ ကျွေးချင်တယ်။ ပေးချင်တယ်။ ကိုယ်ကတကယ် စိတ်ချမ်းသာနေမှ နောက်တစ်ယောက်ကို စိတ်ချမ်းသာစရာ ပြောနိုင်တယ်။ လုပ်ပေးနိုင်တယ်။ ဒါကြောင့် ပျော်အောင်နေပါ။ စိတ်ချမ်းသာအောင် နေပါ။စိတ်ဆင်းရဲစရာ ရှာပြီးမတွေးရင် စိတ်ချမ်းသာဖို့ မခက်ပါဘူး။ ကိုယ်ကစိတ်ချမ်းသာအောင် နေတာဟာ ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ့်ဘလော့ မောင်နှမ သူငယ်ချင်းတွေ နဲ့ လောကကြီးကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပါပဲ။ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ပေးလိုက်ကိစ္စဟာ အကောင်းဆုံး စိတ်ထားနဲ့ လုပ်ပေးလိုက်တာပါပဲ။ သေမှာကိုကြောက်ပြီး ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ပြီးစိတ်ဓာတ်ကျနေလို့ ဘာမှမထူးဘူး။ သေတဲ့ အခါမှာ သေခါနီးမှာ တည်တည်ငြိမ်ငြိမ်နေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့် ကျက်အောင် လေ့ ကျင့် ထားရမယ်။ ကြောက်ပြီးအားငယ်ပြီးသေရတာ Dignity မရှိဘူး။ Dignity ရှိရှိ ၊ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ သေချင်တယ်။ သေခြင်းတရားကို ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး ။ တစ်နေ့ သေသွားမှာပါ။ အခုတွေ့ နေ ကြုံနေရတဲ့ အရာတွေက တွေ့ ကြုံတုန်းမှာတော့ တစ်ခါတစ်လေ တော်တော်ခံရခက်ပါတယ်။စိတ်ဆင်းရဲရတယ် ။ဒါပေမဲ့  မှန်းပြီးတော့ တွေးကြည့်  ငါသေသွားပြီ။ ဟိုးဘက်ဘ၀တောင် ရောက်သွားပြီဆိုပါတော့ ။ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ခဲ့ တဲ့ ကိစ္စတွေက “ငါမှန်တယ်၊ ငါရိုးသားတယ်၊ ငါစေတနာထားတယ်၊ နင်ကတော့ မှားတယ်၊ လိမ်တယ်၊ ညာတယ်၊ စေတနာမရှိဘူး” လို့ ပုတ်ခတ်ပြီးတော့ မပြောသင့်ဘူး။ “ငါက အများကောင်းကျိုးကို လုပ်တယ်၊ နင်က ကိုယ်ကျိုးရှာတယ်။ တစ်ကိုကောင်းဆန်တယ်”လို့ မပြောသင့်ဘူး။ ကိုယ်က သူ့ ဂုဏ်သိက္ခာကို ထိခိုက်ပြီးပြောရင် သူကလည်း ကိုယ့် ဂုဏ်သိက္ခာ ထိခိုက်အောင် ပြန်ပြော တော့မှာပဲ။ အဲ့ဒီလို သူက ကိုယ့်မကောင်းကြောင်းပြော၊ ကိုယ်က သူ့ မကောင်းကြောင်းပြောနေရင် လူမှု့ဆက်ဆံရေး အဆင်မပြေတော့ဘူး။ မပြေလည်တော့ဘူး ။ ဆက်ဆံရေးမကောင်းတော့ရင် သူလည်းအကျိုးမရှိ ၊ ကိုယ်လည်းအကျိုးမရှိ ဖြစ်သွားမယ်။ ဒါကြောင့် စကားပြောတဲ့ အခါမှာ ကိုယ့်ဂုဏ်သိက္ခာလည်း မထိခိုက်ဖို့ ၊ သူ့ ဂုဏ်သိက္ခာလည်းမထိခိုက်ဖို့ သတိထားရမယ်။ ဒါသိပ်အရေးကြီးတယ်နော်။ ကိုယ့်ခံစားချက် ၊ ကိုယ့် နစ်နာမှု့ ၊ ကိုယ့်အခက်အခဲတွေကို မပြောဘဲ နေရင်လည်း တစ်ဖက်က သိမှာမဟုတ်ဘူး။ မပြောပဲ နေပြီးမှ ကွယ်ရာမှာ ငါတော့ တစ်ဖက်သက် မတရားတာ ခံနေရတယ်လို့ ပြောရင် အပြစ်တင်နေရာရောက်တယ်။ အကျိုးမရှိဘူး။ ပြီးတော့ ညည်းညူတဲ့ လေသံ၊ စိတ်ပျက်တဲ့လေသံ မျိုးနဲ့ မပြောရဘူး ။ တည်တည် ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာ လေသံမျိုးနဲ့ ပြောရမယ်။ ကိုယ်က တစ်ဖက်လူကို သူပြောတာ လက်မခံနိုင်ဘူး။ သူခိုင်းတာ မလုပ်နိုင်ဘူး။ သူတောင်းတာမပေးနိုင်ဘူးဆိုတဲ့ ငြင်းပယ်တဲ့ စကားကို ပြောရတော့မယ်လို့ သိနေရင် အဲ့ ဒီလို ငြင်းပယ်တာကိုပဲ သူ့ ကို တစ်နည်းအားဖြင့် အနိုင်ယူလိုက်ရတဲ့ လက်နက်အဖြစ်နဲ့ မသုံးဘဲ ပြေပြေပြစ်ပြစ် ပြောလို့ရတဲ့ နည်းကို လေ့ကျင့်ရမယ်။ ငါမပေးရင် သူဘာတတ်နိုင်မှာလဲ ။ မပေးပဲထားရင် သူ့ကို နိုင်တာပဲ ။ သူရှုံးတာပဲ။ သူ့ကိုအပြစ်ဒဏ်ပေးတာပဲဆိုတဲ့ အတွေးမျိုး သဘောထားမျိုး မထားသင့်ဘူး။ ပေးနိုင်တာ ပေးသင့်တာ ဆိုရင် ကျေကျေနပ်နပ် ပဲ ပေးလိုက်ပါ ။ တကယ်မပေးနိုင်တာဖြစ်နေလို့ မပေးနိုင်ကြောင်း ပြောရတဲ့ အခါ ပြေပြေပြစ်ပြစ် လေးလေးစားစား ပြောပါ ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြပါ။ No ! ဆိုတဲ့ စကားကို လက်နက်တစ်ခုအနေနဲ့ အသုံးမပြု ဘဲ ပြောတဲ့နည်းကို လေ့ကျင့်ထားရမယ်။ ဒီလို ငြင်းပယ်တဲ့ စကားကို ပြောတဲ့ အခါမှာ မာမာကြောကြော ကြီး မပြောမိဖို့ လိုတယ်။ “ ကိုယ့် ဘ၀ကိုယ် တန်ဖိုးရှိရှိနေခဲ့ တဲ့ သူဟာ သေရမှာ မကြောက်ဘူး” သေတာက အကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး အလုပ်တွေကို မလုပ်လိုက်ရဘဲ သေသွားရတာက အကြီးမားဆုံးဆုံးရှုံးမှုပဲ မွေးလာရင် သေမှာပဲ။ မသေခင်မှာ အကောင်းဆုံးနေသွားမယ်။ စိတ်အချမ်းသာဆုံးနေမယ်။ အဲ့ ဒီလိုနေနိုင်အောင် ကောင်းတာတွေလုပ်မယ်။ မလုပ်သင့် တာတွေ မလုပ်ဘူး။ စိတ်ထားကောင်းတဲ့ သူ၊ အသိဥာဏ်ရှိတဲ့ သူ၊ အမျိုးမျိုးတတ်ကျွမ်းနားလည်တဲ့ သူဖြစ်အောင် ကြိုးစားရမယ် ပထမဦးဆုံး သူ မေတ္တာရပ်ခံ တာ၊ တောင်းခံတာကို ၀မ်းမြောက်ဝမ်းသာ လုပ်ပေးချင်ပါတယ်။ လက်ရှိအခြေအနေအရ လုပ်ပေးလို့ မရသေးလို့ပါ။ အခြေအနေတမျိုးပြောင်းလာလို့ လုပ်ပေးနိုင်တဲ့ အခါ လုပ်ပေးမယ်ဆိုတဲ့ ပြောပုံမျိုး ပြောသင့်တယ်။ ဒါလည်းပဲ တစ်ကယ် လုပ်မပေးနိုင်လို့ ရိုးရိုးသားသားပြောမှ ၊ လုပ်ပေးနိုင်ပါလျှက်နဲ့ စကားပရိယာယ်နဲ့ လှည့်ပတ်တာဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ပျက်တယ် ၊ ဂုဏ်သိက္ခာမရှိဘူး ။ ကိုယ်ကတစ်ဖက်သားကို လေးစားတဲ့ အကြောင်းနဲ့ သူ့ ရဲ့ လိုအပ်ချက် ကိုလည်း အလေးအနက် ထားကြောင်း အသိအမှတ် ပြုကြောင်းကို တစ်နည်းနည်းနဲ့ ပြောသင့်တယ်။ နေရာတိုင်းမှာ ဘာဖြစ်လို့ မတတ်နိုင်ကြောင်း အကြောင်းပြချက်ကို ပြောပြနေဖို့ မလိုပါဘူး။ ဖြေရှင်းချက်တွေ ပေးနေဖို့ မလိုဘူး ။ တစ်ချို့နေရာတွေမှာ မပေးတာ ကောင်တယ်။ ပေးလို့ရှိရင် ကိုယ့်ဖြေရှင်းချက်နဲ့ ကိုယ် ချောင်ပိတ်မိ နေတတ်တယ် ။ ဒါပေမယ့် ဖြေရှင်းချက် ပေးချင်တယ် ဆိုရင်တော့ ပေးနိုင်ပါတယ်။ ။

                                                                            


Read More »

Monday, 24 August 2015

ခေါင်းဆောင်မှုကျင့်စဉ် (108) ချက်


လင်ကွန်း၏ ခေါင်းဆောင်မှု ကျင့်စဉ်

(1) ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။

(2) သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ။

(3) လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သို့ပင် အကျိုးရှိနိုင်သည်။

(4) လာတွေ့သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။

(5) ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။

(6)‘လူတိုင်း ချီးကျူးခံချင်သည်’ဆိုခြင်းကို သတိရပါ။

(7) သင်၏ လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင် သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ကိုယ်တိုင် နမူနာကောင်း ပြပါ။

(8) စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။

(9) တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာ ဆင်နွှဲပါ။

(10) လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ၊ သူတို့က သင့်အား ယုံကြည်လေးစားလာလိမ့်မည်။

(11) အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတို့ကို တစ်ခါတစ်ရံ ‘ဘေးချိတ်’ထားရ၏။

(12) လူ့သဘော လူ့မနောကို နားလည်ရေးအတွက် အချိန်နှင့်ပိုက်ဆံ ရင်းနှီးမြှုပ်နှံပါ။

(13) လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။

(14) သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမွန်သောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။

(15) မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။

(16) ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်းဖျောင်းဖျဆွဲဆောင်ပါ။

(17) အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။

(18) နောက်လိုက်ငယ်သားများက သူတို့လုပ်ရပ်ကို သူတို့စိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။ ထို့ထက် သူတို့လုပ်ရပ်သည် အများနှင့်မတူ တမူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကိုသတိရပါ။

(19) နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။

(20) နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို့၏ သဘောတူညီမှုကို အရင်ရယူပါ။

(21) နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲဝေပေးပါ။

(22) အဖွဲ့အစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ ကြီးအကဲများနှင့် ပြည့်ပြည့်၀၀ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။

(23) ခေါင်းဆောင်ကောင်းသည် အမိန့်မပေး၊ မေတ္တာရပ်ခံခြင်း၊ တိုက်တွန်းခြင်း၊ အကြံပေးခြင်းတို့ကိုသာပြုလုပ်သည်။

(23) လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရရန်သူများ ဖြစ်လာနိုင်သည်။

(24) အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရွယ်ချက်သည် ဘယ်လိုမျှ အကျိုးမပြု။

(25) နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။

(26) တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။

(27) သာမန်အကြောင်းများကြောင့် လူငယ်များအား ဘ၀မပျက်ပါစေနှင့်။

(28) မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။

(29) မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။

(30) ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။

(31) စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

(32) ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကို အကောင်းဆုံး ကလဲ့စားချေခြင်း ဖြစ်သည်။

(33) ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ပါ၊ ပြီးဆုံးအောင်အထိလုပ်ပါ။

(34) မတရားစွပ်စွဲချက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စွပ်စွဲချက်များအတွက် လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားနိုင်သည်။

(35) မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ် နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိမှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာပြုတာမျိုးကိုတော့ သတိထားပါ။

(36) တိုက်ပွဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စွန့်လွှတ်မပစ်ပါနှင့်။

(37) တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခွေးသွားစိပ် တစ်ခုသဖွယ်သတ်မှတ်ပါ။

(38) စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအ၀ယ်မလုပ်ပါနှင့်။  (39) အသုံးကျတဲ့ ဖဲချပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်းက ထပါ။

(40) မိမိ၏ လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကိုအထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။

(41) အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများ စွန့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့်အခြေအနေကိုလည်း ဖန်တီးပေးပါ။

(42) အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖွင့်အန်ပစ်ပါ။ သို့သော် ထိုစာကို သက်ဆိုင်သူထံမပို့ဘဲ သိမ်းထားလိုက်ပါ။

(43) ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။

(44) ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဋိပက္ခများကို အထူးရှောင်ပါ။

(45) အစိတ်အပိုင်းလေးတစ်ခု (သို့မဟုတ်) နှစ်ခု ဆုံးရှုံးမှုကို ရှောင်ရန်အလို့ငှာ အဖွဲ့အစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။

(46)တွေဝေမှုစိတ်ဓာတ်ကျမှုနှင့်အရေးပေါ်လိုအပ်မှုတို့ကိုအခွင့်ကောင်းယူပြီးခေါင်းဆောင်ကောင်းအမည်ခံယူပါ။

(47) အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။

(48) မိမိ၏ အင်အားအချက်အချာအားလုံးကို စွန့်လွှတ်မပစ်ပါနှင့်၊ ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။

(49) သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူက ဘယ်တော့မျှ အကောင်အထည် မဖော်ပါစေနှင့်။

(50) သင်၏လက်အောက်လူကို ‘သမ္မတယင်လောက်ကြီး’ ကိုက်နေလျှင် ယင်ကောင်ကြီးကို ပုတ်ထုတ်မပစ်ပါနှင့်။

(51) ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကိုသက်ဆိုင်သူများအား ထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။

(52) ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာ အာဏာကို သုံးပါ။

(53) တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏ အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။

(54) ရှေ့တန်းသို့ထွက်ပါ၊ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါ။

(55) အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စွပ်စွဲချက်မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။

(56) မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။

(57) စွမ်းဆောင်ရည်မရှိသူများအား စွမ်းဆောင်ရည်ပြည့်ဝလာအောင် သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန်’ပေးပါ။

(58) အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို ဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင်အချိန်လုံလောက်စွာပေးပါ။

(59) ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသောလက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။

(60) အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိက သူ့အားအလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။

(61) ရဲရင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတို့လို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ်ရွေးကြသည်။

(62) အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။

(63) လက်ရှိအခြေအနေတွင် အခက်အခဲတွေ တောင်လိုပုံနေလျှင် အခြေအနေနှင့်အတူ မြင့်တက်ပါ၊အသစ်တွေးပါ၊ အသစ်လုပ်ပါ။

(64) မိမိလူတွေ မအောင်မြင်လျှင်လည်း သူတို့အပေါ်တွင် ယုံကြည်မှု လျော့မသွားပါနှင့်။

(65) မိမိသည် သူတို့အကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်း လက်အောက်ငယ်သားများ သိပါစေ။

(66) ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။

(67) ကျယ်ပြန့်သော မူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင် အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို့၏ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအား အားပေးပါ။

(68) အတော်ဆုံး ခေါင်းဆောင်များသည် အမြဲတမ်း လေ့လာဆည်းပူးနေသည် ဟူသော အချက်ကို မမေ့ပါနှင့်။

(69) မိမိ၏ ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာ ရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ်’လူစားမျိုးတွေ မရှိပါစေနှင့်။

(70) အသစ် တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏ တပ်သားများ လက်ထဲသို့ လက်နက်သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

(71) မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။

(72) ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲ့အစည်း၏ အခြေခံ သဘောတရားများကို ဖော်ထုတ်ပါ။

(73) ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍ မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာရနိုင်သည်။

(74) ‘လှည့်လည်ခေါင်းဆောင်မှု’ နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။

(75) မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေသဘောပေါက်ပါလိမ့်မည်။ သူတို့သာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။

(76) အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထို့နောက် ထိုနှစ်ခုကို အနာဂတ်နှင့်ပေါင်းကူးပေးပါ။

(77) ဆန်းသစ်သောအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်းသဘောပေါက်ပါ။

(78) လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။

(79) စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ၊ မ၀င့်ဝါပါနှင့်၊ အထက်စီးလေသံ မပါပါစေနှင့်။ မိမိအား သူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။

(80) လူတွေကို မိမိဘက်ပါအောင် ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အင်္ဂါတစ်ရပ်ဖြစ်သည် ဟူသော အချက်ကို မမေ့ပါနှင့်။

(81) ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။

(82) ရယ်စရာ ပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။

(83) အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနေွး ချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်းချက်များကိုဖြစ်စေ ဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။

(84) လက်အောက်ငယ်သားများနှင့် အလွတ်သဘော စကားလက်ဆုံ ပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍ရရှိနိုင်သည်။

(85) လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့် တူညီသော အခွင့်အရေးပေးပါ။

(86) မိမိ အမြင့်သို့ရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီး နောက်ကလူကို အကူအညီပေးပါ။

(87) နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရွက်ပါ။

(88) မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင် သူနှင့်အတူတူရပ်ပါ။ သူအမှားလုပ်သောအခါ သူ့ကို စွန့်ခွာလိုက်ပါ။

(89) လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ၀န်မပိပါစေနှင့်။

(90) အဖွဲ့အစည်း၏ ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့် ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာခေါင်းဆောင်၏ တာဝန်ဖြစ်သည်။

(91) ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကိုနောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။

(92) ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊ သူ့ရည်မှန်းချက် အောင်မြင်သောအခါလက်အောက်ငယ်သားများအား ‘ဒီအလုပ်ကို ကျွန်တော်တို့ကိုယ်တိုင် လုပ်တာ’ ဟူ၍ ဂုဏ်ယူပြောကြားခွင့်ပြုသည်။

(93) နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။

(94) အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိုင်းဆွေးနွေးစေပါ။ မိမိက လမ်းညွှန်ထိန်းမတ်ပေးပါ။

(95) လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင်မိမိကြောင့်ဟု ထင်ကြပါစေ။

(96) လက်အောက်ငယ်သားများထံသို့ သူတို့မှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။

(97) လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့ အကောင်အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။

(98) ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊ မိမိ၏အလုပ်အမှုဆောင်များလည်းမအောင်မြင်။

(99) အဖွဲ့အစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင် မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။

(100) မိမိ၏ အဖွဲ့အစည်းတွင် အခက်ခဲဆုံး လုပ်ဆောင်ရသူများအား အကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။

(101) မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် စည်းရုံးပါ။

(102) လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည့် ရေတိုပန်းတိုင်များကိုတိကျပြတ်သားစွာ သတ်မှတ်ပါ။

(103) အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။

(104) တစ်ခါတစ်ရံ အခက်အခဲကို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက် သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိနိုင်သည်။

(105) ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။

(106) စစ်ပွဲကို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက် တိုက်ခိုက်ခြင်းဖြင့် ပို၍အောင်မြင်နိုင်သည်။

(107) နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။

(108) တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။



                            *******************************
မောင်ပေါ်ထွန်း - စံပြခေါင်းဆောင်စာအုပ်မှ အချက်အလက်များကို ကောက်နှုတ်ထားပါသည်...
Read More »

Monday, 3 August 2015

မေတ္တ္တာပို့

၁။အရှေ့အရပ်၌ရှိသော
အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၂။ အနောက်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၃။ မြောက်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၎။တောင်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၅။ အရှေ့တောင်ထောင့်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၈။ အနောက်တောင်ထောင့်အရပ်၌ရှိသော
 အနန္တစကြဝဠာ အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၉။ အောက်အရပ်၌ရှိသော ထက်ဝန်းကျင်
 အနန္တစကြဝဠာ အပ္ပါယ်ဘုံသား အနန္တ သတ္တဝါတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

၁၀။ အထက်အရပ်၌ရှိသော ထက်ဝန်းးကျင်
 အနန္တစကြဝဠာ အနန္တ နတ်ဗြဟ္မာသကြားတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

 မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့
ဆုတောင်းမေတ္တာပို့သပါတယ်။
Read More »

Sunday, 2 August 2015

ဝေါဟာရ အဓိပ္ပာယ်

မိုးလေဝသ သတင်းများ၌သုံးသော အသုံးအနှုန်းများနှင့် ဆိုလိုသည့် အဓိပ္ပါယ်များ

မိုးလေဝသခန့်မှန်းချက် မည်မျှလောက် သေချာသည်၊ မသေချာသည်ကို ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အသုံးပြုထားသည့် စကားလုံးများကို ကြည့်ခြင်းဖြင့်သိရှိနိုင်ပါသည်။ ထို့ကြောင့် မိုးလေဝသ ခန့်မှန်းချက် အသုံးပြုသော ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် ခန့်မှန်းချက်များမည်မျှထိ ရောက်နိုင် သည်ကို အသုံးပြုထားသည့် စကားလုံးများကို သေချာစွာ လေ့လာရန် လိုအပ်ပါသည်။၁။ပထမဆင့် ခန့်မှန်းရာတွင် (မည်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။ဥပမာ။ မိုးရွာမည်။ မိုးထစ်ချုန်းရွာမည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၈၀)၊ သို့မဟုတ် ရာခိုင်နှုန်းပြည့်)၂။ဒုတိယအဆင့် ခန့်မှန်းချက်တွင် (နိုင်) ဆိုသည့်စကား ထည့်သွင်းထားပါသည်။ဥပမာ။ မိုးထစ်ချုန်းရွာနိုင်ပါသည်။ (သေချာသည့် ရာခိုင်နှုန်းမှာ (၆၀))၃။တတိယအဆင့် ခန့်မှန်းချက်တွင် (ဘွယ်ရာရှိသည်) ဆိုသည့် စကားထည့်သွင်းထား ပါသည်။
(၁) အနှံ့အပြားနေရာတိုင်းတွင် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားမိုးလေဝသဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား ကောင်းသောအခါများ၌ ဖြစ်ပေါ် ပါသည်။
(၂) နေရာစိတ်စိတ်(၈၀)ရာခိုင်နှုန်းသော နေရာတွင်ဖြစ်ပေါ်ပါသည်။ မုန်တိုင်း၊သို့မဟုတ် အခြားမိုးလေဝသ ဆိုးဝါးချက်ကြောင့် ဖြစ်ပါသည်။ မိုးရာသီတွင် မုတ်သုံလေအား အသင့်အတင့်ကောင်းသောအခါ ဖြစ်ပါသည်။
(၃) နေရာကျဲကျဲ(၅၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင်မုတ်သုံလေ အားပျော့သောအခါများတွင် ဖြစ်ပါသည်။
(၄) နေရာကွက်ကျား(၃၀) ရာခိုင်နှုန်းသော နေရာတွင် ဖြစ်ပေါ်ပါသည်။ လေပွေလှိုင်းများ၊ မုန်တိုင်းစပေါ်ကာစ အချိန်အခါများ၌ ဖြစ်ပါသည်။ မိုးတွင်းအခါများ တွင် မုတ်သုံလေအား အလွန်ပျော့သောအခါများတွင် ဖြစ်ပါသည်။
(၅) ပြတ်တောင်းမိုးရွာလိုက်၊ ရပ်လိုက်ဖြစ်ပါသည်။ မုန်တိုင်း၊ သို့မဟုတ် အခြားသော မိုးလေဝသအခြေအနေများဖြစ်ပေါ်သည့်အခါဖြစ်ပါသည်။ မိုးတွင်းတွင် မုတ်သုံလေအား ကောင်းပါက ဖြစ်ပါသည်။
(၆) ခေတ္တခဏနာရီပိုင်းလောက် ရွာခြင်းဖြစ်ပါသည်။ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်သည့် အခါ ရွာခြင်းဖြစ်ပါသည်။
(၇) တစ်ခါတစ်ရံ(၂၄) နာရီအတွင်း (၁)ကြိမ်၊ (၂)ကြိမ်လောက် ရွာခြင်းဖြစ်ပါသည်။ မုတ်သုံလေအား အသင့်အတင့်နှင့် အားပျော့သည့်အခါများ ဖြစ်ပါ သည်။
(၈) အနည်းငယ်(၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်ထက်နည်းပြီး၊ ကျန်ဒေသများအတွက် (၁)လက်မထက် နည်းခြင်း ဖြစ်ပါသည်။
(၉) အသင့်အတင့်(၂၄)နာရီအတွင်းရွာသည့်မိုးရေချိန်မှာ မြန်မာပြည်အလယ်ပိုင်း အတွက် လက်မဝက်နှင့် (၁)လက်မခွဲကြား ဖြစ်ပြီး၊ ကျန်ဒေသများအတွက် (၁)လက်မ နှင့် (၃)လက်မကြား ဖြစ်ပါသည်။
(၁၀) သည်းထန်မည်တစ်နာရီတွင်း (၁)လက်မနှင့် အထက်ရွာခြင်းဖြစ်ပါသည်။
(၁၁) မိုးကြီးမည်(၂၄)နာရီအတွင်း မြန်မာပြည်အလယ်ပိုင်းအတွက် (၁)လက်မခွဲနှင့် အထက်နှင့် ကျန်ဒေသများအတွက် (၃)လက်မနှင့် အထက်ရွာခြင်း ဖြစ်ပါသည်။
(၁၂) နေရာကွက်၍ မိုးကြီးခြင်း(၂၄)နာရီအတွင်း (၃၀)ရာခိုင်နှုန်းသောနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဆိုလိုပါသည်။ မိုးရေချိန်ပမာဏမှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက်ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက်ရရှိခြင်းဖြစ်ပါသည်။
(၁၃) ဒေသအလိုက် မိုးကြီးခြင်း(၂၄)နာရီအတွင်း (၅၀)ရာခိုင်နှုန်းသောနေရာတွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကိုဆိုလိုပါသည်။ မိုးရေချိန် ပမာဏ မှာ မြန်မာပြည် အလယ်ပိုင်းအတွက် (၁.၅)လက်မနှင့် အထက် ရှိပြီး၊ ကျန်ဒေသများတွင် (၃)လက်မနှင့် အထက် ရရှိခြင်း ဖြစ်ပါ သည်။

ဘင်္ဂလားပင်လယ်အော်အားပိုင်းခြားဖော်ပြခြင်း

(၁)ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း- လတ္တီကျုအားဖြင့် (၁၈.၅) ဒီဂရီနှင့် အထက်
(၂)ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီ နှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီ ၎င်း၏ အနောက်ဖက်အပိုင်း
(၃)ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း- လတ္တီကျုအားဖြင့် မြောက်လတ္တီကျု (၁၃) ဒီဂရီနှင့် (၁၈.၅)ဒီဂရီအတွင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု(၈၈.၅)ဒီဂရီနှင့် ၎င်း၏အရှေ့ဖက်အပိုင်း
(၄)ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက် အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် ၎င်း၏ အနောက်ဖက်အပိုင်း
(၅)ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း- လတ္တီကျုအားဖြင့် (၁၃)ဒီဂရီနှင့် ၎င်း၏ တောင်ဖက်အပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၈၆) ဒီဂရီနှင့် (၉၃)ဒီဂရီ အကြား
(၆)ကပ္ပလီပင်လယ်ပြင်- မြစ်ဝကျွန်းပေါ်-မုတ္တမကွေ့နှင့် ၎င်း၏ တောင် ဖက် လတ္တီကျုအနိမ့်ပိုင်း၊ လောင်ဂျီကျုအားဖြင့် အရှေ့လောင်ဂျီကျု (၉၃)ဒီဂရီနှင့် တနင်္သာရီကမ်းရိုးတန်း အကြားရှိအပိုင်း

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်သောမုန်တိုင်းများအားလေတိုက်နှုန်းအရ အဆင့်သတ်မှတ်ခြင်း

(၁)လေဖိအားနည်းရပ်ဝန်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၂)မိုင်နှုန်းနှင့် ၎င်း၏အောက် လျော့နည်း တိုက်ခတ်ခြင်း
(၂)အပူပိုင်းမုန်တိုင်းငယ်- တစ်နာရီလျှင် လေတိုက်နှုန်း(၃၃)မိုင်နှုန်းနှင့် (၃၈)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၃)အပူပိုင်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၃၉)မိုင်နှုန်းနှင့် (၅၅)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၄)ဆိုင်ကလုန်းမုန်တိုင်း- တစ်နာရီလျှင် လေတိုက်နှုန်း(၅၆)မိုင်နှုန်းနှင့် (၇၂)မိုင်နှုန်းကြား တိုက်ခတ်ခြင်း
(၅)အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း(၇၃)မိုင်နှုန်း နှင့် အထက် တိုက်ခတ်ခြင်း
(၆)အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီလျှင် လေတိုက်နှုန်း မိုင်(၁၀၀) နှုန်းနှင့်အထက် တိုက်ခတ်ခြင်း
(၇)ဟာရီကိန်းတမျှပြင်းထန်သောအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး- တစ်နာရီ လျှင် လေတိုက်နှုန်း(၁၂၀)မိုင်နှုန်းနှင့် အထက် တိုက်ခတ်ခြင်း

ရွာသွန်းမြဲ/ဖြစ်မြဲ

(၁)ရွာသွန်းမြဲ/ဖြစ်မြဲ -အနည်းဆုံးနှစ်(၃၀)ရှိသောမိုးရေချိန်/အပူချိန်များ၏ ပျမ်းမျှတန်ဖိုး
(၂)ရွာသွန်းမြဲ/ဖြစ်မြဲ အထက်-ရွာသွန်းမြဲ/ဖြစ်မြဲ၏အထက် ၂၀% နှင့် အထက်ကျော်လွန်သော
(၃) ရွာသွန်းမြဲ/ဖြစ်မြဲ အောက်-ရွာသွန်းမြဲ/ဖြစ်မြဲ၏‌အောက် ၂၀% နှင့် ‌အောက်လျော့သော

အပူချိန်သတ်မှတ်ချက်များ

(၁) အနည်းငယ်ပို-ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ် ထက် ပိုခြင်း
(၂) သိသိသာသာပို-ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင် တီဂရိတ် ထက် ပိုခြင်း
(၃) အပူလှိုင်း-ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် ထက်ပိုခြင်း
(၄) အားကောင်းသောအပူလှိုင်း-ထိုလ၏ပျမ်းမျှ အပူချိန်ထက် (၉)ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုခြင်း
(၅) အနည်းငယ်လျော့-ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း
(၆) သိသိသာသာလျော့-ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီ စင်တီ ဂရိတ် အောက် လျော့ခြင်း
(၇) အအေးလှိုင်း-ထိုလ၏ပျမ်းမျှ အပူချိန်အောက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ် အောက် လျော့ခြင်း
(၈) အားကောင်းသောအအေးလှိုင်း-ထိုလ၏ပျမ်းမျှ အပူချိန်အောက်
(၉)ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့ခြင်း

ပင်လယ်ပြင်အခြေအနေဖော်ပြချက်

(၁) လှိုင်းအနည်းငယ်-ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (၀.၅)မီတာ နှင့် (၁.၂၅)မီတာအတွင်းရှိပါသည်။
(၂) လှိုင်းအသင့်အတင့်-ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ဖြစ်ပေါ်နေပြီး၊ လှိုင်းအမြင့်မှာ (၁.၂၅)မီတာနှင့် (၂.၅)မီတာအတွင်းရှိပါသည်။
(၃) လှိုင်းကြီး-ပင်လယ်ပြင်တွင် လှိုင်းကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၂.၅)မီတာမှ (၄)မီတာအတွင်းရှိပါသည်။
(၄) လှိုင်းအလွန်ကြီး-ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးနေပြီး၊ လှိုင်းအမြင့်မှာ (၄.၀)မီတာမှ (၆)မီတာအတွင်းရှိပါသည်။

မုတ်သုံအင်အားအခြေအနေ

အနောက်တောင်မုတ်သုံကာလအတွင်း ရခိုင်ကမ်းရိုးတန်း၏ မုတ်သုံအင်အားကိုတွက်ချက်ရာတွင် စစ်တွေမြို့နှင့် မော်လမြိုင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား) တန်ဖိုးကို တွက်ချက်၍ အောက်ပါအတိုင်းမုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -∆P ≤ ၁.၅ မီလီဘား(အားပျော့)၁.၅ < ∆P ≤ ၃.၀ မီလီဘား(အားအနည်းငယ်)၃.၀ < ∆P ≤ ၄.၀ မီလီဘား(အားအသင့်အတင့်)၄.၀ <∆P ≤ ၅.၅ မီလီဘား(အားကောင်း)∆P > ၅.၅ မီလီဘား(အားအလွန်ကောင်း)တနင်္သာရီကမ်းရိုးတန်း၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် မော်လမြိုင်မြို့နှင့် ကော့သောင်မြို့တို့၏ လေထုဖိအားခြားနားချက်(မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -∆P ≤ ၀.၅ မီလီဘား(အားပျော့)၀.၅ < ∆P ≤ ၁.၅ မီလီဘား(အားအနည်းငယ်)၁.၅ < ∆P ≤ ၂.၀ မီလီဘား(အားအသင့်အတင့်)၂.၀ <∆P ≤ ၂.၅ မီလီဘား(အားကောင်း)∆P > ၂.၅ မီလီဘား(အားအလွန်ကောင်း)ကမ်းရိုးတန်းတစ်ခုလုံး၏ မုတ်သုံအင်အားကို တွက်ချက်ရာတွင် စစ်တွေမြို့နှင့် ကော့သောင် မြို့တို့၏လေထုဖိအားခြားနားချက် (မီလီဘား)တန်ဖိုးကို တွက်ချက်၍ အောက်ပါ အတိုင်း မုတ်သုံအင်အားအခြေအနေကို ပိုင်းခြားသတ်မှတ်ပါသည် -∆P ≤ ၂.၀ မီလီဘား(အားပျော့)၂.၀ < ∆P ≤ ၄.၀ မီလီဘား(အားအနည်းငယ်)၄.၀ < ∆P ≤ ၆.၀ မီလီဘား(အားအသင့်အတင့်)၆.၀ <∆P ≤ ၈.၀ မီလီဘား(အားကောင်း)∆P > ၈.၀ မီလီဘား(အားအလွန်ကောင်း)စိုးရိမ်ရေမှတ်စိုးရိမ်ရေမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထားသော တန်ဖိုး ဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်ကိုကျော်လွန်ပါက မြစ်ကမ်းပါးမှ လျှံကျလာသော ရေအားဖြင့် ထိုအရပ်ဒေသတွင် ရေလွှမ်းမှုဖြစ်ပေါ်နိုင်ကြောင်း ညွှန်ပြသည့်မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။ရေနည်းသတိပေးမှတ်ရေနည်းသတိပေးမှတ်ဟူသည်မှာ ရေမှတ်တိုင်ပေါ်တွင် ရွေးချယ်သတ်မှတ်ထား သော တန်ဖိုးဖြစ်ပြီး မြစ်ရေသည်ယင်းအမှတ်အောက်သို့ ဆက်လက်ကျဆင်းပါက ရေကြောင်း သွားလာခြင်းနှင့် မြစ်ရေတင်ခြင်းစသည်တို့တွင် အခက်အခဲ ဖြစ်နိုင်ကြောင်း ညွှန်ပြသည့် မြစ်ရေမှတ် တန်ဖိုးဖြစ်ပါသည်။ထူးခြားမြစ်ရေအခြေအနေသတင်းအထူးသဖြင့် မိုးဦးကာလတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားးဒေသ၌ မြစ်ရေသည် (၂၄)နာရီအတွင်း (၂၀၀)စင်တီမီတာ (၇ ပေခန့်)နှင့်အထက် ရုတ်တရက်ထိုးတက်လာပါက မြစ် အလယ်ပိုင်းနှင့် အောက်ပိုင်းတွင်လည်း မြစ်ရေများမြင့်တက်လာမည်ဖြစ်၍ မြစ်ကမ်းပါ:တွင် ယာယီအခြေချနေသူများအား သတိပေးနိုင်ရန်ရည်ရွယ်လျှက် (၃)ရက်မှ (၇)ရက်အတွင်း မြင့်တက်လာနိုင်သည့် မြစ်ရေခန့်မှန်းချက်နှင့်အတူ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။မြစ်ရေကြီးမည့်သတိပေးချက်အရပ်ဒေသတစ်ခုတွင် ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်နိုင်ကြောင်း (၁)ရက် မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသည့်သတိပေးချက်ဖြစ်ပါသည်။မြစ်ရေကြီးမှု အခြေအနေသတင်းအရပ်ဒေသတစ်ခု၌ ရေကြီးမှု (စိုးရိမ်ရေမှတ်ကျော်လွန်မှု) ဖြစ်ပေါ်ချိန်တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သို့မဟုတ် စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်ကြောင်း (၁)ရက်မှ (၃)ရက်ခန့်ကြိုတင်၍ ထုတ်ပြန်ပေးသော သတင်းဖြစ်ပါသည်။လျှပ်တစ်ပြတ်ရေကြီးခြင်း(၁)ရက် (သို့) နာရီပိုင်းအတွင်း မိုးအဆမတန် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ငယ်၊ ချောင်းငယ်များတွင် တစ်ရှိန်ထိုးရေတက်လာပြီး လျင်မြန်စွာ ရေပြန်ကျသော ရေကြီးခြင်းမျိုးကို လျှပ်တစ်ပြတ်ရေကြီးခြင်း ဟုခေါ်ပါသည်။ကျယ်ပြန့်ရေကြီးခြင်းမြစ်ဖျားဒေသတွင် သုံးရက်နှင့်အထက် အဆက်မပြတ် မိုးကြီးမှုကြောင့် မြစ်ဖျားမှ မြစ် အောက်ပိုင်းအထိ ရေကြီးမှုဖြစ်ပေါ်သော မြစ်ရေကြီးမှုကို ကျယ်ပြန့်ရေကြီးခြင်း ဟုခေါ်ပါသည်။မုန်တိုင်းဒီရေတက်ခြင်းပင်လယ်ပြင်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး ကမ်းကိုဖြတ်ကျော်သည့်အခါ တိုက်ခတ်သော လေပြင်းများကြောင့်မြစ်ဝနှင့်ကမ်းခြေများတစ်လျှောက်တွင် လှိုင်းနှင့်အတူ ရေတက်လာသော ဖြစ်ရပ် ကို မုန်တိုင်းဒီရေတက်ခြင်းဟုခေါ်ပါသည်။နယ်စပ်ကျော်ဖြတ်ရေကြီးခြင်းနယ်စပ်ကျော်ဖြတ်ရေကြီးခြင်းဆိုသည်မှာ အိမ်နီးချင်းနိုင်ငံများအား ဖြတ်ကျော် စီးဆင်း လာသော မြစ်များတွင် ရေကြီးမှုကြောင့် မိမိနိုင်ငံအတွင်းရှိ ဆပ်စပ်နေသော မြစ်များတွင်ပါ ရေကြီးမှုဖြစ်ပေါ်ခြင်းကို ခေါ်ပါသည်။


ဇလဗေဒ မိုးလေဝသဌာန
Read More »

Sunday, 26 July 2015

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ

လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။
တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများအခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်

မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။ရောဂါကုထုံးတကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။(၁) ရေခဲကပ်ပါ။(၂) ပင်လယ်ရေ စိမ်ပါ။(၃) အာလူး ကပ်ပါ။(၄) သခွားသီကပ်ပါ။(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။(၇) သံလွင်ဆီ လိမ်းပါ။(၈) တရားထိုင်ပါ။အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။ကျော်လင်းနိုင်


(ကျန်းမာရေးနှင့် အလှအပ သတင်းများ )
Read More »