လောကကြီးမှာ အကြီးမားဆုံး
မေတ္တာကို ပြောပါဆိုရင်
ကျွန်တော်တို့ကို ကိုးလလွယ်
ဆယ်လမှာ လူသားမြောက်အောင်မွေးဖွားပေးခဲ့သော
အမေ့မေတ္တာလို့ပဲ ပြောကြရမှာပါ -----
တုနှိုင်းမမှီ အနှိုင်းမဲ့ မေတ္တာတွေနဲ့
နိုးချို တိုက်ကျွေးခဲ့သော ကျွန်တော်တို့ရဲ့ မေမေ ----
ငယ်ငယ်ကလေးဘဝကအမြဲလိုလို
ဂျစ်ကန်ကန်လုပ် တစ်ခွင်မကျန်
ပြန်ပြောခဲ့ပေမဲ့ မငြိုငြင်
ဒေါသဂရုဏာအပြုံးတွေနဲ့သားကို
နာချ သွင်သင်ဆုံးမပေးခဲ့သော
မေတ္တာရှင် မေမေ----
ကျောင်းတတ်ဖုန့် ဖိုးတောင်းတော့
အဖေအပ်ထားတဲ့ ငွေအသပြာကို
သားမျက်နာမငယ်ရအောင် တိုးတိုးတိတ်တိတ်
ထုတ်ပေးခဲ့သော ဂရုဏာရှင် မေမေ ----
အဖေရဲ့သြဝါဒအောက်မှာ
ပြားပြားဝတ် မိသားစုအရေးကို
တစ်ဖက်ကဝင်ငွေရှာ
လောကဓံတရားရဲ့ အောက်မှာ
အကျော်ဗန်းကိုခေါင်းပေါ်တင် ကံကြမ္မာကို
အရှုံးမပေးခဲ့သော မဟာ မေမေ --
အရွယ်ရောက်လို့
ကြီးပြင်းလာတော့သားရှေ့ရေးကို
တွေး အဝေးရောက်သားမိုက်
'သား အဆင်ပြေရဲ့လား
သား နေကောင်းရဲ့လား' တဖွဖွ
မေးလာသော အနှိုင်းမဲ့
သစ္စာရှင် မေမေ ----
လေးစားရလောက်တဲ့မေမေ
အားထားရလောက်တဲ့မေမေ
ယုံကြည်ရလောက်တဲ့မေမေ
မေမေဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက်
အမေဟာ အမေပါပဲ ----
မေမေဘယ်နေရာမျိုးနဲ့ ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေနေ
အမေဟာ အမေပါပဲ ---
မေမေ
ကျန်းမာပါစေ ---
မေမေ သက်တော်ရာကျော်ရှည်ပါစေ ---
မေမေ
လိုအင်ဆန္ဒပြည့်ဝပါစေ ----
သား ရှိခိုးဦးခိုက် ဂါရဝပြု
ဆုတောင်းပေးလိုက်ပါတယ်
မေမေ ----
#အဝေးရောက်သား
@KSL
No comments:
Post a Comment