Friday, 24 April 2015

သည်းခံစိတ်(abide minds)

=============
သည်းခံတယ် ဆိုတာ ခွင့်လွှတ်ခြင်းမှ ဆင်းတတ်လာတဲ့
အင်မဆန်ကောင်းတဲ့ မင်္ဂလာ တစ်ပါးပါ ---

လောကီလူ့လောကမှာ သည်းခံစိတ် ထားနိုင်တာဟာ
အကောင်းဆုံး ဖြစ်စဉ် တစ်ခုဖြစ်ပါတယ် ---

သို့သော်ငြားလဲ -------------
နည်းနည်းလောက် ခေါင်းစား ကြည့်ကြအောင် --

သည်းခံတယ် ဆိုတာကလဲ အသေအချာပြန်တွေးကြည့်မယ်ဆိုရင်
အမျိုးမျိုးရှိကြပါတယ် ---

ကိုယ့်ဖက်က ဟုတ်လို့ သည်းခံ လိုက်ရတာရှိသလို
မဟုတ်လို့သည်းခံလိုက်ရတာ တွေလဲ ရှိတယ် ---

ဒါပေမယ့် ဒီနေရာမှာ တစ်ခုတော့ရှိတယ်ဗျ

တချို့ တွေက
သည်းခံတတ်သူဆိုရင် အနိုင်ကျင့် ဖိနှိမ့်ချင်ကြတယ်
တချို့ တွေကြတော့
သည်းခံခြင်းကို အခွင့်ကောင်းယူပီး အသုံးချ ချင်ကြတယ် ---

ဘာပဲဖြစ်ဖြစ် အတတ်ဆုံးတော့ သည်းခံလိုက်ပါ
ဒါဟာသင့်အတွက် အကောင်းဆုံးပါပဲ ---

ကိုယ့်ဘဝ ပျက်သုန်းလာတဲ့အထိ
ဖြစ်လာရင်တော့ တမျိုးပေါ့

ချမ်းသာတဲ့ လူတွေမှာ ဘောင်ရှိသလို
ဆင်းရဲ့ သူတွေမှာလဲ ဘောင်ရှိတယ်လေ
ချမ်းသာတဲ့ သူတွေကို လေးစားကြသလို
ဆင်းရဲ့သူတွေကိုလဲ ကြင်နာတတ်ရင်သိပ့်ကောင်းတာပေါ့
ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေက သူတို့ စီပွားရေး နယ်ပယ်တစ်ချို့
တွေမှာ ဆင်းရဲ့ လူတန်းစား ( အလုပ်သမ) တွေလိုအပ်သလို
ဆင်းရဲ့ လူတန်းစား (အလုပ်သမ) တွေကလဲ သူတို့စားဝတ်နေရေး
အတွက် ချမ်းသာတဲ့ ပုဂ္ဂိုလ် တွေ တဖန်လိုအပ်ပြန်တယ်
တစ်ဦးနဲ့ တစ်ဦးဟာ ကျွန်းကိုင်းမှိ ကိုင်းကျွန်းမှိ သဘောမျိုးပေါ့
အပြန် အလှန် မှိခိုနေကြတယ်ဆိုရင် အမှားနိုင်ပါဘူး  ----

ထိုအထဲမှာမှ တနည်းမဟုတ်တစ်နည်း ပြဿနာတွေဖြစ်လာကြတဲ့အခါ
သည်းခံခြင်း တရားလေးတွေလိုပြန်တယ်
တစ်နည်းပြောရရင် နားလည်မှုစွမ်းပကားတွေပေါ့

ဒီနေရာမှာ သူ့အတိုင်းအတာနဲ့ သူလေးတွေရှိကြပါတယ်

တစ်ချို့မှာ အတိုင်းအတာဆိုတာထက် လူ့ဘောင်ဆိုတာရှိတယ်လေ
ဟုတ်ဘူးလား ?
တစ်ဦးကြားမှာ အပြန်အလှန် ငှဲ့ညာ သည်းခံ နားလည်တတ်ကြမယ်ဆိုရင်တော့
အားလုံး အဆင်ပြေသွာကြမှာပါ ------
အဓိက ပြောချင်တာက သည်းခံစိတ်ထားဖို့ပါ သည်ခံစိတ်ထားနိုင်လေလေ
ပြဿနာအပေါင်းကင်းစင်လေလေပါပဲ ဒါဟာလဲ
လူဘောင်လောကရဲ့ ငြိမ်းချမ်းအောင်မြင်နိုင်ဖို့ အတွက်
နည်းလမ်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ် ----

အစွန်းရောက်ထိ သည်းခံတော့ မယ်ဆိုရင် သိပ့်ကောင်းတဲ့ လောကုက္ခုတယာ
ထဲကိုသွားနိုင်ပါတယ် ---

လောက အထာကိုသိပီး သည်းခံတတ်ပါစေ
ဆန္ဒပြုရင်း -------

#အတွေးစာစု @KSL
မှတ်ချက်>>> မည်သူကိုမှ
ထိခိုက်ရန်လိုခြင်းမရှိပါ

No comments:

Post a Comment