ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်လို့ ဘာမှသောကရောက်မနေနဲ့ fri
ကိုယ့်ကိုပြန်ချစ်နေသော်လဲ ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ စိတ်မပူနဲ့ fri
ဘဝမှာ ကိုယ်ဖြစ်ချင်တိုင်းလဲ ဖြစ်မလာနိုင်သလို ကိုယ်လိုချင်တိုင်းလဲ မရဘူး
ကိုယ်စွမ်းဆောင်လို့ ဖြစ်မြောက်မလာ နိုင်သလို ကိုယ်တစ်ယောက်တည်း
လုပ်နေသော်လဲ ပြီးပြည့်စုံတာမှ မဟုတ်တာ ဒါကြောင့် ဘယ်သူ့ကိုမှမချစ်မိပါစေနဲ့
ကိုယ့်ကိုကိုယ် အရင်ဆုံး ချစ်တက်အောင်ကြိုစားပါ ကိုယ့်ကိုကိုယ် ချစ်တက်ပြီးဆိုမှ
သူများကို ချစ်ပါ...လောကမှာ အချစ်ဆိုတာရှိနေသမျှတော့ အမုန်းဆိုတာရှိနေအုံးမှာပါပဲ..။
တွေ့ဆုံခြင်းဆိုတာ ခွဲခွာခြင်းရဲ့ အင်ဒရို (intro) ပါ....အစဆိုတာမရှိ အဆုံးဆိုတာကို
လှမ်းမမြင်နိုင်တဲ့ ရထားတစ်စီးလိုပဲ သံသရာ (cycle) ဆိုတာလည်းရှိနေရအုံးမှာပါ..။
လောကရဲ့နိယာမတွေလေ အချစ်ဆိုတာ စစ်ပွဲ ဘဝဆိုတာ တိုက်ပွဲလို့ဆိုကြသော်လဲ အတ္တတွေကို
ရှေ့တန်းတင်မာနတွေဦးစားပေး ဒေါသမောဟတွေ ပေါက်ဖွားနေကြအုံးမယ် ဆိုရင်တော့
စစ်ပွဲတွေဆိုတာလဲရပ်တန့်မသွား သကဲ့သို့ တိုက်ပွဲတွေဆိုတာလဲ ရှိနေအုံးမှာပါပဲ သိုသော်
မြောက်ကိုရီးယားလိုမျိုး နယူကလီယား လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပြီး တိုက်ပွဲကိုအနိုင်ယူဖို့
စိတ်မကူးပါနဲ့ ဒီလိုနဲ့ ရလာတဲ့ အောင်နိုင်ခြင်းကို " အနိုင်လို့" မခေါ်ဘူး မေတ္တာတရား ဆိုတဲ့
မြင့်မြတ်ခြင်းတရားနဲ့တိုက်ခိုက်လို့ ရလာတဲ့ အောင်နိုင်ခြင်းသာလျှင် " အနိုင်လို့"ယူဆသတ်မှတ်ရမှာပါ..။
သေချာစဉ်းစားကြည့်နော်သယ်ရင်းတို့ " ကိုယ်က သူ့အပေါ်ကို မေတ္တာထားလေလေ
သူ ရှုံးနိမ့် လေလေ သူက ကိုယ့်အပေါ်ကို မေတ္တာကင်းမဲ့လေလေ သူရှုံးနိမ့်လေလေပဲ "....။
No comments:
Post a Comment