ယုံကြည်မှု့ ဆိုတာဘာလဲ ယုံကြည်မှု့ကို ဘယ်လိုထင်မြင်ကြလဲ ဘယ်လိုတိုင်တာမလဲ
ဘယ်လိုယူဆကြမလဲ...ကဲ.တွေးကြည်ကြရအောင်....ကျွန်တော်ကတော့..ယုံကြည်မှု့ကိုနှစ်မျိုး
ခွဲခြားထားတယ်..သင်ကိုယ်တိုင်လဲ
ဝင်ရောက်တွေးကြည့်နိုင်ပါတယ်...ပထမယုံကြည်မှု့ကဒီလိုပါ..ဥပမာ ဆိုကြပါဆို့...social...လူသားအချင်းချင်း နှစ်ဦးနှစ်ဘက်ကြားမှာ
ဖြစ်တည်နေတဲ့ စွမ်းအား လေပါ...ငါ သူ့ကိုယုံကြည်တယ် သူဟာမဟုတ်တာ
မလုပ်ဘူး..မမှန်တာမပြောဘူး သူဟာရိုးသားဖြောင့်မတ် သူ..ပွင့်လင်းပြီး ရှိကို
အရှိတိုင်းမြင်တက်သူ.....ရိုးသားမှုဟာ သူ့ဘဝမှာ
အဓိကကျတဲ့အသက်တစ်ချောင်းလို့ ယူဆထားတယ်...ငါသူကို
ယုံကြည်စိတ်ချတယ်....ဒါယုံကြည်မှု့တစ်မျိုး....လူအတိုင်းအဝိုင်းမှာဒီယုံကြည်မှုဟာ
မရှိမဖြစ်လိုအပ်တဲ့စွမ်းအားလေးပါ ...အချစ်မှာလည်းပဲ..ဒီစွမ်းအားလေးလိုပါတယ်...ဒါမှလည်းရေရှည်
တည်တံ့ခိုင်မြဲမှာပေါ့...ကျွန်တော် အထင်တော့ ဒီစွမ်းအားလေး..နေရာတိုင်းမှာ
ရှိသင့်တယ်..လူမှု့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်
နိုင်ငံရေးအဖွဲ့စည်းမှာပဲဖြစ်ဖြစ်ပေါ့ သို့မှသာလျှင်
ရေရှည်ဖြစ်တည်နိုင်ပြီး ညီးညွတ်မှု့ရဲ့ အားအင်းတွေနဲ့အတူ တိုးတက်ကောင်းမွန်တဲ့
အရည်အသွေးပြည့်ဝတဲ့ ပန်းတိုင်ကို
လက်လှမ်းနိုင်မယ်
ကိုယ့်ရဲ့စိတ်မှာအစဉ်မွေးမြုထားသင့်တဲ့စွမ်းအားလေးပါ.....နောက်တစ်မျိုးကတော့ခံယူချက်
ရည်မှန်းချက် ဘဝရဲ့ယုံကြည်ချက် ငါ့ဘဝမှာ မလုပ်နိုင်တာမရှိဘူး..ငါလုပ်ကို
လုပ်နိုင်တဲ့စိတ် ငါ့အသက်ကိုတောင်ပေးနိုင်ရမယ်ဆိုတဲ့စိတ် ဒီစိတ်ဟာ
အမြင်မှာတော့ခတ်ခဲကြမ်းတမ်းနေပေမယ့် သေချာစမ်းစစ်ကြည့်တော့
အလွန်နူးညံ့သိမ်မွေ့တဲစိတ်လေးပါ..ယနေ့ကမ္ဘာမှာ ထိပ်တန်းကို
ရောက်နေတဲ့ပုဂ္ဂိုလ်တိုင်း ဒီလိုစိတ်ဓာတ်မျိုးမွေးမြုးခဲ့လို့ပဲ ကမ္ဘာ့နံပါတ်
one ဖြစ်ဖို့ကြတော့
ဒီစိတ်ဓာတ်မျိုးရှိမှရတယ်...စကားပုံတစ်ခုရှိတယ်ဗျ..."သေရင်မြေကြီး
ရှင်ရင်ရွှေထီး"..တဲ. အောင်မြင်လိုသူတိုင်းမိမိကိုယ်ကို
ယုံကြည်စိတ်ရှိရမယ်....ဒါတွေဟာ ယုံကြည်မှု့ရဲ့စွမ်းပကားတွေပဲ.....ဒါတွေကို
လိုက်နာကျင့်ဆောင်သင့်တယ်လို့ ထင်မြင်ယူဆချင်တယ်....လူမှာအဓိက
ကစိတ်ဓာတ်ပဲ.....ဒီနေရာမှာတစ်ခုပြောချင်တာက..."စိတ်ဓာတ် ၊ စည်းကမ်း၊
ပညာ".."လုံ့လ၊ ဝီရိယ၊ ဇွဲ"..စိတ်ရှည်မှု့၊
တီးခံခွင်လွတ်တတ်မှု့၊ရိုသားဖြောင့်မတ်မှု့၊ စဉ်းစားချင့်ချိန်တတ်မှု့၊
အမြော်အမြင်ရှိမှု့ ဒါတွေကိုတော့
မိမိစိတ်မှာအမြဲမွေးမြုးထာသင့်တယ်****.....thanks......k.s.l..,www.kyisanlin.com
No comments:
Post a Comment