Thursday, 25 October 2012

ယုံကြည်မှု့


 
ပန်းတိုင် ဖူးစာ

ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့

သတ္တိ တွေ နဲ့ တောင်ပံ ဖြန့် ပျံသန်းနေတုန်း…

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ

အဖြူပဲ ဖြစ်ဖြစ် အနက်ပဲ ဖြစ်ဖြစ်

အတူတွဲထားတဲ့ လက်တစ်စုံနဲ့

ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို

နွေးထွေးစေတယ် ချစ်သူ ……………

ချစ်သူ တည်မယ့် ကမ္ဘာမှာ နေ လ နဲ့ ကြယ်

တစ်စင်းမှ မလင်းဖြစ်ရင်တောင်

ချစ်သူ မျက်ဝန်း အလင်း နဲ့

ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ် တို့်နေမယ့် တို့နေရာမှာ

နင် ငါ့ကို ချစ်နေဖို့ နဲ့ ငါ နင့်ကို ချစ်နေတယ် ဆိုတာ

နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

@လွမ်းနေသူ

No comments:

Post a Comment